၃၁

430 39 5
                                    

ဝဋ် ဆိုတာကြားဖူးလား။ သို့မဟုတ် ကိုယ်တိုင်ကြုံဖူးရဲ့လား။ သူ့ဘဝမှာ ဝဋ် ဆိုတဲ့စကားလုံးကိုကြားခဲ့ဖူးပေမဲ့ ဘယ်လိုအရာမျိုးလဲဆိုတာမသိခဲ့ဘူး။ ဒါပေမဲ့ ထို စကားလုံးလေးတစ်လုံးကိုအပြည့်အဝနားလည်သွားတဲ့နေ့မှာတော့ သူဟာ လုံးဝရူးသွတ်နေခဲ့တာပါပဲ။

ဏရီထွက်သွားတဲ့နေ့ကစလို့သူဟာအရူးတစ်ပိုင်းပါပဲ။ မျက်လုံးနှစ်လုံးပွင့်နေတဲ့အချိန်မှာတောင် လူတိုင်းကို ဏရီဆိုတဲ့မျက်နှာတစ်မျိုးထဲသာမြင်ယောင်နေမိသည်အထိ။ မျက်လုံးနှစ်လုံးပိတ်လို့အနားယူမယ်ကြံတိုင်း ဏရီ့ရဲ့လေသံခပ်တိုးတိုးကသူ့နားနားမှာကျီစယ်နေသည်။ ထိုအသံများကြောင့်မအိပ်ရသည့်ရက်ပေါင်းကလက်ဆယ်ချောင်းပြည့်လုနီးပါး။ အခန်းထဲကနေရာတိုင်းမှာ ဏရီ့ပုံရိပ် ဏရီ့အသံ ဏရီ့နာမည် အရာအားလုံးဟာဏရီ။

ဏရီ့လှောင်ရီသံ ဏရီ့မျက်ရည်စ ဏရီ့အမုန်း တွေကိုမြင်လိုက်ကြားလိုက်ရရင် သူဟာ သူ့စိတ်သူမထိန်းနိုင်စွာပေါက်ကွဲမိရက်သား။ အခန်းတွင်းပြန့်ကျဲနေသည့်အပျက်အစီးအပိုင်းအစများက တရက်ထက်တစ်ရက်ပိုပိုများလာရသည်။ ပစ္စည်းများအားမဖျတ်စီးရလျှင် သူ့ကိုယ်သူဒဏ်ရာတစ်ခုမဟုတ်တစ်ခုပေးမိ၍ လက် ခြေထောက် ပေါင် မျက်နှာများ၌အညိုအမဲများကအထင်းသား။

ပြတင်းပေါက်မရှိ အလင်းပေါက်မရှိတဲ့အခန်းထဲ သူ့အားကြိုးအထပ်ထပ်ဖြင့်ချုပ်နှောက်ထားကျတာ။ သူစိတ်လိုလက်ရဝုန်းဒိုင်းကြဲမိသည့်အခါသူ့ကိုယ်ခန္ဓာအတွင်းအားထိုးသွင်းသည့်မှိန်းမောစေသည့်ဆေးရည်ကြည်များ။ ကုတင်ပေါ်မှာ ပတ်လက်အနေအထားဖြင့် ကြိုးများချည်နှောင်ခံထားရတာ။ မျက်နှာချပ်ကိုနေ့စဥ်မျက်နှာမှုနေရတဲ့သူဟာ ထိုအချိန်မှာ တစ်ချိန် သူတစ်ပါးကို အတင်းအကြပ်ချုပ်နှောင်ကာ ရိုက်ပုတ်နှိပ်ဆက်ဖူးသည့်သူလို့ပြောရက်ယုံနိုင်ကျပါ့မလား။

လှောင်ရယ်သံတစ်ခုက ထိုအခန်းထဲမှာနေ့စဥ်ရက်ဆက်ကြားနေရသည့်အသံတစ်ခုလိုဖြစ်နေခဲ့ပါပြီ။ မိန်းမတစ်ယောက်အတွက်နဲ့ ဒီမိန်းခလေးဟာ အခုလောက်ထိသူ့ဘဝမှာစုတ်ပြတ်သက်သွားသည်အထိရူးခဲ့ရတယ်လို့ပြောရင်လူတွေဟာယုံကြည်နိုင်ပါ့မလား။ ဒါပုံပြင်မဟုတ် ပါးစပ်အပြောမဟုတ် ယုံတမ်းစကားမဟုတ် ဒါဟာတကယ့်အဖြစ်အမှန်ပါပဲ။

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now