585 41 0
                                    

ငယ်ငယ်က ဒယ်ဒီနဲ့ overseas လိုက်ဖြစ်ခဲ့ရင် တစ်ခြားနိုင်ငံမှာ အမျိုးသမီးတွေရဲ့ strong ဖြစ်လွန်းတဲ့ပုံစံကိုမြင်ရင် သူတအားသဘောကျသည်။ သူမတနေ့အရွယ်ရောက်လာခဲ့ရင်လဲ ထိုအခြေအနေမျိုးထိရောက်အောင်လုပ်နိုင်ရမယ်ဆိုပြီး ဆုံးဖြတ်ချက်ချဖူးခဲ့သည်။ ထိုအတွက်ကြောင့် တခါတလေ မာမီကသူမအား မြန်မာဝတ်စုံများချုပ်ပေးခဲ့လျှင် ငြူစူစွာခြေစောင့်ဖူးပါသည်။ သို့ပေမဲ့ မာမီက မြန်မာမိန်းခလေးဆိုသည်ကား ဒူးနေရာဒူး တော်နေရာတော် ဟုဆိုကာ ဆုံးမလေသည်။ ထို့အချိန်မှစ၍ သူမသည် ပုံမှန်ဆို ပေါ့ပေါ့ပါးပါးအဝတ်အစားဝတ်သော်လဲ အခါကြီးရက်ကြီး မိသားစုထဲမှ တစ်စုံတစ်ယောက်ရဲ့မွေးနေ့ အထိန်းအမှတ်နေ့များရှိလျှင် မြန်မာဝတ်စုံဆင်မြန်းခဲ့သည်။ ဒါကို ဒယ်ဒီကတွေ့ရင် 'နင့်မာမီရဲ့မြန်မာဆန်တာတွေတအားအတုမယူရဘူး' ဆို၍ပြောပြန်သည်။ သို့ပေမဲ့ သူကိုယ်တိုင်သည်လဲ မာမီဝယ်ပေးသည့် တိုက်ပုံပုဆိုးကိုဝတ်နေဆဲပါ။

ဒီနေ့က ကွယ်လွန်ခဲ့ပြီးသော မာမီ့ရဲ့မွေးမေမေ သူမ၏အဘွားဖြစ်သူ ဆုံးပါးသွားသည်ကား ဆယ်နှစ်ပြည့်ဖြစ်၍ ဘုန်းကြီးကျောင်းသို့သွားကာ သူတို့ တစ်မိသားစုလုံး ဘုရားဝဋ်ပြုကျသည်။ ဘုန်းကြီးကျောင်းသည်လဲ ဘွားဘွားရှိစဥ်ကထဲက ဘွားဘွားကိုယ်တိုင် ကျောင်းဆောက်လှူဒါန်းခဲ့သောကျောင်းဖြစ်လေသည်။ နှစ်တိုင်း ရာသီတိုင်း ဆုံးပါးသွားခဲ့ပြီဖြစ်သော အဘိုးအဘွားများအတွက် ရေစက်ချအလှူလုပ်သည်ကား သူတို့မိသားစု၏ဓလေ့ထုံးတန်းအစဥ်အလာ။

မာမီကတော့ ရေစက်ချအမျှဝေလျှင်အမြဲမျက်ရည်ကျသည့်အတိုင်း မျက်ရည်များဝဲလေတော့ ဒယ်ဒီမှ အသည်းငယ်လိုက်တာဟူ၍ပြောလျှင် ရှင့်လိုမှ ကျွန်မကအသည်းမာတဲ့သူမဟုတ်တာဟုပြန်လည်ချေပလေသည်။

"မိုင်း ဒယ်ဒီ မိုင်းကို နေရောင်သွေးနဲ့ကိစ္စပြောထားတာ မိုင်း တွေ့ဖြစ်ရဲ့လား"

"မိုင်း ဘာလုပ်လုပ် ဒယ်ဒီ့ကိုသတင်းပို့မဲ့သူတွေရှိနေတာပဲ ဒယ်ဒီက မိုင်းမပြောလဲသိမှာပါ အထူးတလည်မိုင်းကိုမေးဖို့လိုသေးလို့လား"

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now