088:ငါ့အပေါ်အရမ်းကောင်းမပေးပါနဲ့

Start from the beginning
                                    

နေထိုင်ရန်နေရာရှာဖို့သွားရာလမ်းတွင် ဟဲကျင့်
သည် ဝန်ထမ်း ခေါ်နေတဲ့ Costa coffee ဆိုင်ကိုတွေ့လိုက်ရလေသည်။ဒါပေမယ့်လည်း သူကြည့်လိုက် တော့ ကော်ဖီဆိုင်ကာ ပိတ်ထားပြီဖြစ်ကာ မီးအနည်း ငယ်သာဖွင့်ထားလေသည်။ဟဲကျင့်သည် အတွင်းပိုင်းတွင်သန့်ရှင်းရေး လုပ်နေသော တစ်စုံ တစ်ယောက် ကို မြင်လိုက်ပြီး မှန်တံခါးကို ပေါ့ပါးစွာ ခေါက်လိုက်တော့သည်။

ဟဲကျင့်နဲ့ရွယ်တူလို့ထင်ရတဲ့မိန်းကလေးတစ်ယောက် က အဝေးကနေပြီး ဆိုင်ပိတ်သွားပြီဟူသည့်သဘောဖြင့် လက်ခါပြလာလေသည်။

ဟဲကျင့်က ဝန်ထမ်းခေါ်စာကိုညွှန်ပြလိုက်ရာ ကောင် မလေးက တံခါးဖွင့်ပေးလာပါ၏

"မင်း ဝန်ထမ်းခေါ်သေးလား?"

ကောင်မလေးက သူ့ကို သေသေချာချာကြည့်ကာဖြင့်

"အင်းခေါ်သေးတယ် နှစ်သစ်ကူးမှာဘယ်သူမှအလုပ် မလုပ်ကြဘူးလေ ငါတို့အလုပ်ဖို့လူလိုတယ် ဒါပေမယ့် မန်နေဂျာက ပြန်သွားပြီ မနက်ဖန်မှပြန်လာရင် ရော?"

ဟဲကျင့်သည် ကောင်မလေးပေးတဲ့ business cardကိုယူကာ အနီးတွင် တည်းခိုခန်းတစ်ခုကိုရှာခဲ့လေသည်

သူသည် တစ်နေ့လုံး လက်ဖက် ကြက်ဥတစ်လုံးသာ စားခဲ့သည်။ ည 10 နာရီလောက်တွင်တော့ ဟဲကျင့်သည် အလွန်ဗိုက်ဆာသဖြင့် အားလုံးဝမရှိတော့သော်လည်း စားချင်စိတ်မရှိပေ။ ရေချိုးပြီးတာနဲ့သူအိပ်ပဲအိပ်လိုက်ချင်တော့တယ်

ရေပူနဲ့ရေချိုးပြီးနောက်တွင် ဟဲကျင့်ကအိပ်ရာသို့သွားလိုက်သည် ထိုအချိန်မှာတော့ သူလက်ပတ်က တုန်ခါလာခဲ့သည်။မီးဆီကပင်

"မင်းဘယ်မှာလဲ ရထားရောက်ပြီလား?"

သူစာပြန်တော့မယ့်အချိန်မှာပဲ သူ့လက်ပတ်ကတုန် ခါသွားပြန်သည်

ချင်ယွီ:"မင်း ဒီရက်ပိုင်း ဘာတွေအလုပ်ရှုပ်နေတာလဲ? မင်းဆီက သတင်းမကြားရတာကြာပြီ"

ဟဲကျင့် အံ့ဩသွားကာ ဘယ်လိုတောင်တိုက်ဆိုင်ရတာလဲ..

သူကမီးကိုအရင်ပြန်ဖြေလိုက်သည်။

"ငါပြန်ရောက်နေပြီ အခုကျောင်းနဲ့နီးတဲ့နေရာမှာ"

သူသည် မက်ဆေ့ခ်ျပို့သည့်နေရာသိုပြန်သွားကာ ချင်ယွီအား သူအိမ်ကထွက်လာသည့်အကြောင်း ပြောပြရန် အနည်းငယ် ချီတုံချတုံ ဖြစ်လို့နေခဲ့သည်... ၎င်းမှာ သူ့ကိုယ်သူ မာနလေးနည်းနည်းထိန်း ထားချင်သေးသောကြောင့် ဖြစ်နိုင်သည်။ အထူးသဖြင့် ခံစားချက်ကောင်းရှိသူကို အားကိုးရန် သူ
တွန့်ဆုတ်နေမိတာပင်။ ချင်ယွီသည် ကူညီဖို့စိတ် အားထက်သန်သူတစ်ဦးဖြစ်သော်လည်း ဟဲကျင့်
သည် သူ့အားအခွင့်ကောင်းယူတယ်ဖြစ်မှာစိုးထိတ်မိပါ၏

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now