အခန်း - ၅

40 2 0
                                    

ထွန်းဇော်နှင့်ပြဿနာတက်ပြီးသည့်နေ့မှစ၍ယွန်းကိုတစ်ခြားသူများကအမျိုးမျိုးရှုမြင်လာကြသည်။တစ်ချို့ကယောကျာ်းတန်မဲ့သတ္တိမရှိတဲ့ကောင်၊ပြဿနာကိုရင်မဆိုင်နိုင်တဲ့ကောင်ဟူ၍ယွန်းကိုအထင်သေးအမြင်သေးကြသူများ။တစ်ချို့ကျတော့လည်းမတရားအနိုင်ကျင့်ခံရတဲ့သူ၊အမြဲတမ်းအနှိမ်ခံနေရသူ၊စိတ်ထားနူးညံ့သူဟူ၍စာနာသနားနေကြသူများ။

ယောကျာ်းလေးများသည်ယွန်းကိုအရင်ကထက်ပို၍ခပ်ခွာခွာခပ်ကင်းကင်းနေလာကြသည်။ယွန်းမှာလည်းတစ်စတစ်စနှင့်ပင်ကျားတို့၏သဘာဝ၊ကျားတို့၏စရိုက်တို့နှင့်ဝေးကွာလို့လာခဲ့သည်။သို့သော်လည်းထိုအရာများကိုသူမမှု၊သူ့ကိုအခြားတောက်ပသော၊ကြည်နူးသာယာဖွယ်ကောင်းသောအနာဂတ်ရောင်ခြည်တို့သည်ထွန်းလင်းပေးနေလေပြီ။ထိုအရာကားအခြားမဟုတ်၊နူးညံ့သိမ်မွေ့ခြင်းတို့၏သင်္ကေတ၊ငြိမ်းချမ်းခြင်း၏သင်္ကေတ၊အလှတရားတို့၏သင်္ကေတဖြစ်သောမိန်းမသားဆန်မှုပင်တည်း။

ယောကျာ်းလေးတို့ကခပ်ခွာခွာခပ်ကင်းကင်းနေသလောက်မိန်းကလေးများကမူယွန်းကိုသနားညှာတာသောစိတ်တို့ဖြင့်ဆက်ဆံပြောဆိုလာကြသည်။အားပေးနှစ်သိမ့်ပေးသူများ၊ဖော်ဖော်ရွေရွေစကားပြောပေးကြသူများမိန်းကလေးများထဲမှပေါ်လာသည်။ယွန်းသည်သူတို့ကြောင့်ပင်ရှေ့ဆက်ရန်ခွန်အားများရလာခဲ့သည်။သူတို့ကြောင့်ပင်မိန်းမသားဆန်မှုတို့နှင့်ထိတွေ့ခွင့်ရလာခဲ့သည်။ယခုဆိုလျှင်ယွန်းမှာမိန်းကလေးသူငယ်ချင်းအပေါင်းအသင်းများတစ်စတစ်စတိုးလာခဲ့လေပြီ။သို့ရာတွင်သူငယ်ငယ်လေးကတည်းကခင်မင်တွယ်တာခဲ့ရသောခွန်းချိုကိုမူကားဘယ်သောအခါမှမေ့ပျောက်လိမ့်မည်မဟုတ်ပေ။

ယွန်းနှင့်ခွန်းချိုတို့သည်ကျောင်းဆင်းတိုင်း၊ဆင်းတိုင်းအိမ်သို့အတူတူပြန်လာလေ့ရှိသည်။သူတို့နှစ်ယောက်၏အိမ်မှာအရမ်းကြီးမဝေးလှသလိုအရမ်းကြီးလည်းနီးကပ်ခြင်းမရှိလှ။တစ်အိမ်နှင့်တစ်အိမ်လမ်းတစ်လမ်းသာလျှင်ခြားသည်။ထိုကြောင့်ခွန်းချိုမှာညနေရေမိုးချိုးပြီးချိန်တိုင်းယွန်းတို့အိမ်သို့ရောက်ရောက်လာတတ်သည်။ထို့နောက်နှစ်ယောက်သားဆော့ကစားကြသည်။တစ်ခါတစ်ရံယွန်းကိုခေါ်၍အခြားရပ်ကွက်များရှိသူတို့သူငယ်ချင်းများဆီသို့ပင်သွား၍ဆော့လိုက်သေးသည်။သူတို့ကြည့်ရသည်မှာအမြဲတမ်းသွက်လက်ဖျတ်လက်နေပြီးလှုပ်ရှားကခုန်နေကြသောဗျိုင်းဖြူမလေးများကဲ့သို့ပင်ဖြူစင်၍အပြစ်ကင်းလှ၏။

You've reached the end of published parts.

⏰ Last updated: Feb 05 ⏰

Add this story to your Library to get notified about new parts!

ကံတရား၏စီမံရာ Where stories live. Discover now