အခန်း - ၃

48 0 0
                                    

ကံတရား၏စီမံရာ (အပိုင်း - ၃)

ကျောင်းရှေ့တွင်ခွန်းချိုမှာသူ့ကိုအသင့်စောင့်နေသည်။လက်ကနာရီကိုတစ်ချက်ကြည့်လိုက်၊လမ်းမကိုကြည့်လိုက်ဖြင့်ခွန်းချိုတစ်ယောက်ဗျာများနေသည်။နှုတ်ကလည်းတတွတ်တွတ်မြည်တွန်တောက်တီးလျက်ရှိသည်။ကျောင်းသားအများစုတို့မှာကျောင်းဝင်းအတွင်းသို့ဝင်ရောက်ကုန်ကြပြီ။

"သူတစ်ယောက်ဘာလို့ဒီလောက်ကြာနေလည်းမသိပါဘူး...ကျောင်းတက်ခေါင်းလောင်းတောင်ထိုးတော့မယ့်ဟာကို။ဟော....ပြောရင်းဆိုရင်ရောက်လာပါပြီမယ်မင်းကြီးမတော့။"

"ဟဲ့ခွန်းချို..စောင့်နေရတာကြာပြီလား"

"ကြာပြီပေါ့ဟ...ငါကနင်လာမှလာပါ့တော့မလားလို့၊ဒါနဲ့နေပါဦး...နင်ကဘာလို့နောက်ကျနေရတာတုန်း.."

ယွန်းမှာအနည်းငယ်ရှက်ရွံ့သွားဟန်ဖြင့်..

"ဘာမှမဟုတ်ပါဘူးဟ...ငါ့အမေကိုကူနေရလို့ပါ..."

ထိုသို့ပြန်လည်ဖြေဆိုလိုက်သော်လည်းစိတ်ကတော့သိပ်မလုံချင်ပေ။

"အေးပါကမရယ်..အဲ့ဒါဆိုလည်းပြီးတာပါပဲ၊လာ...ကျောင်းထဲအမြန်ဝင်ရအောင်..နင့်ကိုစောင့်နေရတာနဲ့ငါ့အသင်းချိန်တောင်နောက်ကျတော့မယ်.."

"sorryပါဟာ..ငါလည်းအတတ်နိုင်ဆုံးတော့အမြန်လာခဲ့တာပဲ...နင်ကလည်းနင်ပဲ၊အတန်းထဲမှာစောင့်လည်းရရဲ့သားနဲ့ကိုဒုက္ခရှာလို့"

"ဟဲ့....နင့်ကိုဟိုအကောင်တွေတစ်ခုခုလုပ်ရင်ဘယ်လိုလုပ်မလဲ၊နဂိုကတည်းကမှသူတို့ကနင့်ကိုအနိုင်ကျင့်ဖို့အမြဲချောင်းနေတာ၊တော်ကြာနင်အလကားနေရင်းငိုနေရအုံးမယ်"

ယွန်းတို့သူငယ်ချင်းနှစ်ယောက်စကားတတွတ်တွတ်ပြောရင်းဖြင့်ကျောင်းဆောင်ကြီးဆီသို့လျှောက်လာကြသည်။သူတို့နှစ်ဦးချင်းဆိုလျှင်တော့သာမန်မိန်းကလေးသူငယ်ချင်းများလိုသာပြောဆိုဆက်ဆံလေ့ရှိသည်။ပွင့်ပွင့်လင်းလင်းတိုင်တိုင်ပင်ပင်ရင်းရင်းနှီးနှီးလည်းရှိလှ၏။

ယွန်းမှာအရင်းနှီးဆုံးသူငယ်ချင်းဟူ၍ခွန်းချိုတစ်ယောက်သာရှိသည်။နောက်သူတို့အတန်းထဲမှအတန်းဖော်များဖြစ်ကြသောမေသစ္စာ၊သော်တာနှင့်လှလှတို့ရှိသည်။ထိုသူများမှလွဲ၍ယွန်းတွင်ခင်ရမင်ရသောသူငယ်ချင်းများမရှိပေ။

ကံတရား၏စီမံရာ Where stories live. Discover now