ထွန်းဇော်၏ရိုက်ချက်ကြောင့်ယွန်း၏ခါးလေးမှာကော့တက်သွားရပြီးတင်ပါးတစ်ပြင်လုံးစပ်ဖျင်းနာကျင်သွားရသည်။လှည့်ကြည့်လိုက်သောအခါအနောက်တွင်ရပ်နေသောထွန်းဇော်ကိုမြင်တွေ့လိုက်ရသည်။ထွန်းဇော်မှာဖင်ကိုင်ခွင့်ရလိုက်သဖြင့်ကျေနပ်အားရကာယွန်းကိုပြုံးပြုံးကြီးကြည့်နေသည်။သူ့ကြည့်ရသည်မှာနောင်ဖြစ်လာမည့်အကျိုးဆက်တို့ကိုရင်ဆိုင်ရန်အသင့်ရှိနေသည့်နှယ်။
”ဒါဘာလုပ်တာလဲ.......ထွန်းဇော်”
ယွန်း၏အသံလေးသည်ဒေါသစိတ်ရှက်စိတ်တို့ဖြင့်ဖုံးလွှမ်းကာအနည်းငယ်တုန်ယင်နေသည်။အနီးနားရှိကျောင်းသားကျောင်းသူတို့မှာဘာများဖြစ်တာလဲဟူသောစူးစမ်းသိရှိလိုစိတ်တို့ဖြင့်သူတို့နှစ်ယောက်ကိုအကဲခတ်ကြည့်ရှုနေကြသည်။
”မင်းမြင်တဲ့အတိုင်းပဲ....အလုပ်ကိုသေချာမလုပ်တဲ့ကောင်မကိုဆုံးမတာ”
မာကြောခက်ထန်သောယွန်းဇော်၏စကားတို့သည်ယွန်းကိုပိုမိုဒေါသထွက်စေသည်။သို့ရာတွင်စူးရှတောက်ပသည့်ထွန်းဇော်၏မျက်ဝန်းအစုံတို့ကြောင့်ယွန်းမှာတဖြည်းဖြည်းသိမ်ငယ်လာကာစကားမဆက်နိုင်ရှာတော့ပေ။
ယွန်း၏ဝိုင်းစက်သောမျက်ဝန်းလေးများမှာမျက်ရည်စတို့စို့တက်လာကြသည်။ရင်တွင်း၌လည်းအမျိုးအမည်မသိရသောနာကျင်မှုလှိုင်းတပိုးတို့သည်ယွန်း၏နူးညံ့သောနှလုံးသားလေးကိုဆွဲကိုင်လှုပ်ခတ်လျက်ရှိသည်။
”မင်း.....မင်းကို....ဆရာမနဲ့တိုင်မယ်”
ယွန်းသည်မရှိမဲ့ရှိမဲ့အားအင်လေးများကိုကြိုးစားမွေးမြူကာစကားဆိုရှာသည်။သို့သော်ထိုခြိမ်းခြောက်စကားတို့ကိုထွန်းဇော်ကတော့မဖြုံရေးချမဖြုံ။
”မင်းဘာသာမင်းဘယ်သူ့တိုင်တိုင်...ငါစောက်ဂရုမစိုက်ဘူးကွ..ရှင်းလား”
ထွန်းဇော်၏စကားတို့သည်စူးရှကျယ်လှောင်လှသည်။အနားရှိသူများကိုပင်ထိတ်လန့်သွားစေသည်။သူ့ရှေ့တွင်ရပ်နေသောယွန်းဆိုလျှင်ဆိုဖွယ်ပင်မရှိတော့။
ယွန်း၏ဒေါသစိတ်တို့ကိုကြောက်စိတ်၊ထိတ်လန့်စိတ်တို့ကတဖြည်းဖြည်းစိုးမိုးထိန်းချုပ်လာသည်။ပါးပြင်ထက်တွင်လည်းမျက်ရည်တို့သည်ချောင်းသဖွယ်၊မြောင်းသဖွယ်စီးဆင်းလို့နေပြီ။
YOU ARE READING
ကံတရား၏စီမံရာ
Fanfictionယွန်းဆိုတဲ့ကောင်လေးတစ်ယေက်ဟာသူ့ရဲ့ဖြစ်တည်မှုကြောင့်လူတကာရဲ့ကဲ့ရဲ့ရှုပ်ချမှုကိုခံနေရသူပါ။ဒီလိုနဲ့မခံနိုင်တော့တဲ့အဆုံးသူနဲ့သူ့အမေဟာတစ်ခြားတစ်နေရာသို့ပြောင်းရန်ဆုံးဖြတ်ခဲ့ကြပါတယ်။ဒါပေမယ့်သူဟာထိုနေရာအသစ်မှာမိန်းကလေးလိုရှင်သန်နေထိုင်ရမှာပါ။ထို့ကြောင့်သူ့...