"ကိုယ်နဲ့ဂျာသီတို့ဆိုတာကလည်း တစ်ချိန်ကအမှုသည်နဲ့ရှေ့နေ့ဆက်ဆံရေးပဲရှိခဲ့တာမလား။လက်မခံရင်တောင် ကိုယ်ကအားနာရမှာ"

"ဟေးမိုင်မိုင်းရဲ့အန်တီလည်းဖြစ်ပေးလို့ရပါတယ်နော်"

"မိုင်မိုင်းကို ငယ်ငယ်ကတည်းက ကိုယ်ကပဲပြုစုပျိုးထောင်ခဲ့တော့ ကလေးကကိုယ်နဲ့ပဲနေရတာအကျင့်ပါနေပုံပဲ။တခြားလူကိုသိပ်မတွယ်တာဘူး။ သူစိမ်းတွေ...သူ့ကိုနားမလည်တဲ့သူဆို ပိုပြီးဆိုးဆိုးဝါးဝါးတုံ့ပြန်တတ်တယ်"

ဘယ်ဘက်ကမှတိုးဝင်မရအောင် စကားတစ်ခွန်းဆီတိုင်းကိုလိုက်ပိတ်နေတဲ့နေရေးကြောင့် သူမမျက်နှာကထိမ်းမရအောင်ပျက်ယွင်းနေမှာအမှန်ပါလေ။အစတုန်းကတော့ အဲ့ဒီကလေးမလေးကတဆင့်နေရေးဆီက မျက်နှာကောင်းအရယူပြီးအနားကပ်ဖို့ကြံရွယ်ခဲ့ပေမဲ့ ကာယကံရှင်က
ပြတ်ပြတ်သားသားငြင်းဆိုလာပြီ။

သို့သော် ဂျာသီကလွယ်လွယ်နဲ့လက်လျော့တတ်တဲ့မိန်းမတစ်ယောက်မဟုတ်ပါ။

"ဟုတ်ပါပြီနေရေးရာ။ဒါဆိုလည်း လျော်ကြေးကို လက်ခံလိုက်ပါ့မယ်... နေရေးရဲ့တူမကလေတကယ့်ချစ်မွှေးလေးထင်တယ်။သူနဲ့အတူပါလာတဲ့ချစ်သူကောင်လေးဆိုလည်း ဟေးမိုင်မိုင်းလေးကိုအထိမခံဘူး"

"သြော် ဂျာသီအမြင်မှားနေပြီ။သူတို့က သွေးသားအရင်းထပ်တောင်ပိုပြီးတွယ်တာကျတဲ့ သူငယ်ချင်းတွေ...မနေ့ကပါလာတာ
အော်စတင်ထင်တယ်။အော်စတင်ကအဲ့လိုပဲ
သူ့သူငယ်ချင်းနှစ်ယောက်စလုံးကို သူ့ညီမတွေလို စောင့်ရှောက်တာ။ငယ်သူငယ်ချင်းတွေမဟုတ်လားဗျာ"

"အာ အဲ့လိုလား။sorryနော်...ဒါဆိုရင် ဟေးမိုင်မိုင်းကိုဂျာသီကပြန်ပြီးအားကျရတော့မှာပဲ။သူငယ်ချင်းတွေဆီက အချစ်တွေအပြင် နေရေးဆီကအချစ်တွေကိုပါရထားလို့လေ"

"အားကျသင့်ပါတယ် ဟက်..ကိုယ်ကလည်း
မိုင်မိုင်းတစ်ယောက်ထဲဆီမှာပဲ မေတ္တာတွေပုံပေးထားတာမို့လေ"

"ဒါဆို ချစ်သူထားဖို့အစီအစဥ်မရှိဘူးပေါ့"

"မရှိပါဘူး"

"နေရေးကတကယ်စိတ်ပြတ်နိုင်တာပဲ။ဒါပေမဲ့နော် နေရေးကသာချစ်သူမထားဘူးပြောနေတာ ဟေးမိုင်မိုင်းကထားသွားရင်ရော။သူအိမ်ထောင်ပြုသွားရင် နေရေးတစ်ယောက်ပဲ ကျန်နေခဲ့မယ်ထင်တယ်"

You've reached the end of published parts.

⏰ Last updated: May 16 ⏰

Add this story to your Library to get notified about new parts!

My Baby GirlWhere stories live. Discover now