Part - 13

6.8K 289 62
                                    

Unicode

နေ့လည်စာစားချိန်မို့ အသားညှပ်ပေါင်မုန့်တချို့ဝယ်ကာ တရားရုံးချုပ်ဆီကိုခြေဦးလှည့်လာမိသည်။ငယ်ငယ်ကတည်းက လိုက်လာနေကျ
ရုံးမို့ ဒီကရှေ့နေ့တချို့နဲ့လည်း ခင်နေကာ
သူတို့အတွက်ပါ မုန့်ယူလာသေး၏။

"ဟေ့ ဂျက်ဆီကာ"

ရုံးကောင်တာမှာထိုင်နေတဲ့ ဂျက်ဆီကာ့ပခုံးကို
ပုတ်ခေါ်လိုက်ရင်ပဲ သူမကအလန့်တကြား
ကြည့်လာကာ...

" ဟေး ဒါမိုင်မိုင်းလေးမလား"

"ဟုတ်"

"ဘေဘီ မလာတာတောင်ကြာပြီနော်... ခုမှ
ဘယ်ကနေမျက်စိလည်လာတာလဲ"

"မဟုတ်ပါဘူး ဂျက်ဆီကာရဲ့။ကျောင်းစာတွေများနေလို့ ဦးဦးကမလာခိုင်းတာလေ
ဒီနေ့တော့အကြာကြီးနေမှာပါ"

"ကောင်းတယ် လာ ဒီအနားကို။ဘာမုန့်တွေပါလဲ"

"အသားညှပ်ပေါင်မုန့်နဲ့Tea ... ဂျက်ဆီကာအတွက်ရော ၊ ဦးဦးရဲ့ဘေးခန်းက ဂျူနီယာတွေနဲ့တခြားလူတွေအတွက်လည်းပါတယ်။
အဲ့တာ ဂျက်ဆီကာကူညီအုံးနော်"

"အင်းပါ ရတယ်။ဒါမျိုးကူညီနေကျ။
အဲ ကူညီနေကျဆိုလို့ ပြောရအုံးမယ်"

"ဟုတ်"

"မိုင်မိုင်းရဲ့ဦးလေးကလေ"

အစချီလာတဲ့စကားကြောင့် ကောင်တာအတွင်းကိုမြန်မြန်ဝင်ကာ ဂျက်ဆီကာ့အနားကိုတိုးကပ်လိုက်မိ၏။

"ဦးဦးကဘာဖြစ်တာလဲဟင်"

"ဖြစ်တာက ရှေ့နေကြီးမဟုတ်ဘူး။ဒီလိုကွာ
ဟိုးအရင်တစ်ခေါက်က ရှေ့နေကြီးလက်ခံခဲ့တဲ့ အမှုတစ်ခုရှိတယ်... အဲ့ဒီအမှုကနိုင်ခဲ့တယ်လေ"

"ဟုတ်"

"အဲ့ဒီအမှုသည်ရဲ့သမီးက ခဏခဏလာတယ်။
ကျေးဇူးတင်လို့ဆိုပြီး ရှေ့နေကြီးကိုကျွေးတာ"

"ဟင် ! ဘာကျွေးတာလဲ"

"အစားအသောက်တွေလေ။အထုပ်ကြီး အထုပ်ငယ်နဲ့ကိုဝယ်ချလာပြီးကျွေးတာရှင်"

"ဦးဦးကရော စားတာပဲလား"

"အဲ့မုန့်တွေ အပြင်ကိုပြန်ယူခဲ့တာလည်းမမြင်တော့ စားတာပေါ့... လိုက်ကြည့်ပြီး
ပြောတာမဟုတ်ပေမဲ့ အဲ့ဒီအစ်မကနော်
ရှေ့နေကြီးတစ်ယောက်ထဲကိုပဲ စေတနာပိုတာ။
သူတို့ကုမ္ပဏီရဲ့ ဥပဒေရေးရာအကြံပေးရှေ့နေလည်း ဒီရုံးချုပ်ကပါပဲ။ဒါပေမဲ့ အဲ့လူကိုတော့
ရှိတယ်ကိုမထင်တာ"

My Baby GirlWhere stories live. Discover now