Part - 12

6.8K 295 54
                                    

Unicode

"မိန်းကလေးတစ်ယောက်က အခုလို ရန်ဖြစ်တာကောင်းလား မိုင်မိုင်းရဲ့။တစ်ဖက်က ကိုယ့်ကို
ရန်ငြိုးထားရင် ဘယ်လိုလုပ်မလဲ...မာမီတို့
ဦးဦးတို့ ဦးလွမ်းတို့မသိခင် မိုင်မိုင်းကို
တစ်ခုခုတုံ့ပြန်ဖို့လုပ်ရင် ဘယ်လိုလုပ်ကျမလဲဟင် ။မာမီကမုန်းလို့အခုလိုတွေပြောနေတာ
မဟုတ်ဘူးနော်... မိုင်မိုင်းကိုချစ်လို့ဆိုတာ
သိတယ်မလား"

"ဟုတ်"

"အခုကိစ္စက မိုင်မိုင်းအမှားကြီးပဲလည်းမဟုတ်ဘူးမမယ်။သည်းမခံနိုင်လောက်အောင်ရန်စလို့
ကိုယ်တော့ ဒီလိုတုံ့ပြန်တာကို မမှားဘူးလို့ပဲ
ထင်တယ်... မိုင်မိုင်းလည်းမမှန်ပေမဲ့ပေါ့"

"နင်အလိုလိုက်လို့ ကလေးက လက်ယဥ်နေတာနေရေးရဲ့။ကျပ်ကျပ်အလိုလိုက်။ငါကစိတ်ပူလို့ပြောနေရတာပါ"

"မမယ်စိတ်ပူတာကိုနားလည်ပါတယ်။ကလေးကိုလည်း ကိုယ်သေချာပြောပြီးပြီ။နောက်ခါသူများကားတို့၊ဆိုင်ကယ်တို့ကိုဖျက်ဆီးတော့မယ်ဆို မလုပ်ခင်ကတည်းက ကိုယ့်ကိုဖုန်းဆက်ခေါ်ခိုင်းထားတယ်"

"စေရာနေရေး ! နင် ! နင်ကပါ မြောက်ထိုးပင့်ကော်"

နေရေးက သူကိုယ်တိုင်သာဆူချင်ဆူမည်။
မိုင်မိုင်းကိုတခြားသူကဆူပူတာမျိုး မကြားချင်သူဖြစ်၏။မမယ်စိတ်ရင်းကိုသိပေမဲ့ သူကလည်း
ကလေးကိုဆူတာမကြိုက်တာခက်ပါသည်။
အကြာကြီးလည်း ဆူပြီးတာမို့ သူကာပေးတော့
မမယ်ဆီက မျက်စောင်းတစ်ချက်ရလိုက်သည်။

"မိုင်မိုင်းရယ် မာမီ့စကားနားထောင်ပါနော်။ စိတ်ပူလို့ နှလုံးရောဂါပါရတော့မယ်ကွယ်... စိုးရိမ်လို့ဆိုတာ မိုင်မိုင်းလေးကနားလည်ရဲ့လား"

"ဟုတ် အန်တီမယ်။မိုင်မိုင်းမှားသွားပါတယ်။
နောက်ဆို ဆင်ခြင်ပါ့မယ်နော်...အန်တီ့ကို
စိတ်ပူအောင်ထပ်မလုပ်တော့ပါဘူး"

"လိမ္မာလိုက်တာကလေးရယ်။ဒီည အန်တီနဲ့
လိုက်အိပ်မလား"

"ဟို ... "

"ကလေးက comicဆွဲစရာရှိသေးတယ်ထင်တယ်မမယ်။PCတွေစက်တွေက အဲ့ဘက်အိမ်အထိရွေ့လို့မရဘူးမလား"

My Baby GirlKde žijí příběhy. Začni objevovat