ရင်နင်ရန်က သူ၏ပထမဆုံးအလုပ်မှ ပြန်လာသောအခါ ကျန်းကျီရင်က သူ၏ခံစားချက်များကို မေးမြန်းခဲ့သည်။ ရင်နင်ရန်က တွေးတောကြည့်ပြီးပြောသည်။

" ကောင်းပါတယ် ၊ ငါတုံ့ပြန်မှု၁၃၇နဲ့ ကွန်ပလိန်းတွေ ရခဲ့တယ်၊ အချို့ကတော့ တိုက်ရိုက်ဖြေရှင်းနိုင်ခဲ့ပေမဲ့ အများစုကိုတော့ နောက်ဖြစ်စဥ်အတွက် နည်းပညာဌာနကို လွှဲပြောင်းပေးခဲ့ရတယ်"

နောက်တစ်ရက် ရင်နင်ရန်က ပြန်လာသောအခါ ပြောသည်။

"ဒီနေ့ ငါ တုံ့ပြန်မှု ၁၂၈ခုကို ရခဲ့တယ်၊ ဒီပြဿနာတွေက မနေ့ကနဲ့ တူတူပဲ၊ သူတို့အားလုံးကို နည်းပညာဌာနကို လွှဲခဲ့ရတာ"

ရင်နင်ရန်က တတိယရက် ပြန်လာသောအခါ ကျန်းကျီရင်က မေးသည်။

"ဒီနေ့က မနေ့ကနဲ့ အတူတူပဲမဟုတ်လား"

ရင်နင်ရန်က တည်ငြိမ်စွာ ပြန်ပြောသည်။

"ငါဒီနေ့ နည်းပညာဌာနကို အပြောင်းခံခဲ့ရတယ်၊ နောက် ငါလွန်ခဲ့တဲ့၂ရက်က ရထားတဲ့ တုံ့ပြန်မှုတွေကို ဖြေရှင်းခဲ့ရတယ်"

Aတိုင်းပြည်၊ တစ်ကမ္ဘာလုံးဆိုင်ရာ အဖွဲ့ဌာနချုပ်၊ RRTဌာန။

ထိုနေရာတွင် လုပ်ပိုင်ခွင်အာဏာအရည်အချင်း ရှိဟန်တူသည့် သက်လတ်ပိုင်း လူတစ်ယောက်က သုသေသနနှင့်ဖွံ့ဖြိုးတိုးတက်မှု ခေါင်းဆောင်ဖြစ်သည့် ဒေါက်တာရာဒီ့းစ်၏ စားပွဲရှေ့တွင် ပိတ်ရပ်နေသည်။ သူ၏မျက်နှာက လေးနက်နေ၏။

"ဒေါက်တာ မင်းဒါကို အလေးအနက်ထားပြီးလုပ်ရမယ်၊ ဒါက အန္တရာယ်များတယ်၊ ပထမဦးဆုံးအနေနဲ့ အခွင့်အာဏာမရှိဘဲ အစီအစဥ်ကို မပြောင်းသင့်ဘူး၊ ဒါကိုပဲ အမှန်တကယ် တည်ရှိလာအောင် ဆက်ပြုလုပ်သင့်တယ်"

"မင်းပြောတဲ့အတိုင်းဆိုရင် YM427က အန္တရာယ်မများဘူးပေါ့ ၊ သူက လုံခြုံတယ်၊ ရင်းနှီးကျွမ်းဝင်လွယ်သေးတယ်၊ ငါတို့ရဲ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်၊ တကယ်လို့ မင်းကသာ အဲဒီလိုပြောချင်တာဆိုရင် ငါကတော့ လိုအပ်တယ်လို့မထင်ဘူး"

ဒေါက်တာ ရာဒီ့းစ်က ကြင်နာစွာ ပြုံးသည်။ သူ၏ မီးခိုးဖျော့ရောင် မျက်ဝန်းထဲတွင် ညင်သာသောအလင်းက ရှိနေပြီး မျက်နှာမှ ပါးရေများကလည်း သူ့ကို သာမန်လူအိုကြီးတစ်ယောက်ဟု ထင်ရစေသည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now