Part 24

2.6K 63 7
                                    

Unicode

" Boss"

" မင်းကဘယ်လိုလုပ်ဒီရောက်နေတာလဲ?"

" တိုက်ဆိုင်တာချည်းတော့မဟုတ်ဘူးပေါ့"

" Ray မင်းကြည့်ရတာ ပျင်းနေတဲ့ပုံပဲ"

"မဟုတ်တာ"

စက်ရှေ့မှာ Ray အားသတ်လို့ရ‌နိုင်လောက်သည့် ဖိအားပေးသောအကြည့်ဖြင့်စိုက်ကြည့်နေလိုက်သည်။ သို့သော် Rayသည်လည်း သာမာန်လူမဟုတ်ချေ။ ငယ်စဉ်ကတည်းက လက်မှာသွေးစွန်းခဲ့သူဖြစ်ရာ တည်ငြိမ်ရန် ထိန်းထားနိုင်သည်။ ထို့အပြင်  Ray တယောက် သူ့အား ထိုသူသတ်မည်မဟုတ်မှန်း သိသည်လေ။

"ဆွေး.. သူကမင်းအတွက် ဘယ်လိုလူမျိုးလဲမသိပေမယ့် .." Ray သူစကားကို ရပ်လိုက်ကာ စက်အား နက်နက်နဲနဲစိုက်ကြည့်နေသည်။

"ငါလက်မလွှတ်ဘူး.. ဘယ်သူမဆိုအကျိုးအကြောင်းမရှိ ရူးသွပ်တယ်လို့ထင်လို့ရပေမယ့် Boss ခင်များကတော့ .အဲ့လိုမဟုတ်မှန်းသိတယ်မလား..ငါသာလက်လွှတ်လိုက်ရင် ဆွေးမှာဘာမှရှိတော့မှာမဟုတ်ဘူးလေ ဆွေး ခင်များအပေါ် အခုထိ ချစ်နေသေးတယ်လို့အထင်မမှားနဲ့ ဒါကစွဲလမ်းမှု သပ်သပ်ပဲ တချိန်ကျရင် သူလွှတ်ချသွားနိုင်လိမ့်မယ် .. သေချာပေါက်.."

Ray၏ ထိုစကားလုံးကြားသည်နှင့် စက်မသိလိုက်ခင်မှာပင် လက်ချောင်းများအားတင်းကျပ်လိုက်သည်မှာ ဂရုမထားသော မျက်နှာထားအား သစ္စာဖောက်နေဟန်။

"အဲ့အချိန်ရောက်ဖို့ ငါကသူနောက်ခံအဖြစ်ရှိနေပေးဖို့လိုတာပေါ့..  Boss ကျွန်တော်နဲ့ အလောင်းအစားလုပ်ကြမလား?"

"Ray မင်းကိုမင်း သိပ်အထင်ကြီးမနေဘူးလား?  တကယ်လို့ သူမှာ ဘယ်သူမှမရှိရင် ငါ့ကို လွှတ်ချနိုင်‌ဖို့မလွယ်တော့ဘူးလေ ငါကမင်းကိုရှင်းမပြစ်ဘူးလို့ ဘာလို့သေချာနေရတာလဲ?"

"Boss ငါကျန်တာမသိပေမယ့် ဆွေးအပေါ်မှာ ရှိတဲ့ bossရဲ့ ပိုင်ဆိုင်လိုစိတ်ကို ဆွေးထက်တောင်ပိုသိတာပေါ့ ခင်များမလုပ်ပါဘူး "

သူ သူ့ကိုသေချာပေါက် သိတ်လိမ့်မည်မဟုတ်။ သူသာအသက်ရှင်နေလျှင် ဝေးဝေးနေပါက တဖြည်းဖြည်းစိမ်းသွားကြလိမ့်မည်။ သို့သော် သူသေသွားပါက သူကဆွေးရဲ့ နှလုံးသားထဲမှာ အမြဲနေရာယူနေပေလိမ့်မည်။ သူ့အပိုင်တယောက်က တခြားသူတယောက်ကို မခြေဖျက်နိုင်တဲ့အစာတခုလို စိတ်ထဲအမြဲစွဲနေမည်အား စက် သည်းခံနိုင်လိမ့်မည်မဟုတ်။

My Possessively Mafia Boss Where stories live. Discover now