ဝန်ထမ်းများမှ စားသောက်စရာများ လာချကာထွက်သွားမှ ထိုအမေဘက်မှ ဦးလေးဖြစ်သူက ဆွေးအားစိုက်ကြည့်ကာ စကားစလာသည်။

"အဲ့တုန်းက ကောင်းကျိုးမပေးတဲ့ မင်းရဲ့ရည်းဇားဟောင်းမလား? စက် မင်းကအမှတ်မရှိတာလား?"

ဆွေးကော စက်ကော ထိုသူအား လျှစ်လျှူရှုကာ စားစရာကိုသာဆက်စားနေလိုက်သည်။ ထိုကြောင့် တဖက်သူမှာ ပိုကာဒေါသထွက်သွားဟန်ရသည်။ သူသည် ဆွေး၏ ဦးလေးဖြစ်သည့်တိုင် စက်၏ တထောင်ပုံပုံရင် တပုံတောင် လုပ်နိုင်စွမ်းမရှိသည့် အပေါ် စက်အား အမြင်မကြည်။ သူကသားကြီးဖြစ်ကာ တဦးတည်းသောသားဖြစ်သည့်တိုင် သူ့ရဲ့အပျက်လိုညီမမွေးသည့် ဒီလိုကောင်လေးနှင့် သူအဖေဆီမှအမြဲယှဉ်ခံခဲ့ရသည်။ သူ့အဖေကြောင့်သာ ဒီလို ခေါင်းဆောင်နေရာတက်နိုင်သည့်သူက သူ့အား အကျိုးအမြတ်တခုမှမပေးခဲ့။ အဖေချန်သည့်နေရာအစုပ်ပလုတ်အား ပစ်ချပေးသည့်တိုင် စိတ်သဘောထားကြီးမြတ်သည့်နှယ် ရွံ့စရာကောင်းအောင်လာလုပ်နေသေးသည်။ ငယ်ငယ်က သူစိတ်တိုင်းကျ ရိုက်ပုတ်လို့ရသည့် သူကယခုအမြင့်ဆုံးနေရာ၌ ထိုင်နေသည့်အခါ သူ့အတွင်ကလီစာများအား အက်စစ်ဖြစ်အပက်ခံလိုက်ရသည့်နှယ် တစတစ နေမသိထိုင်မသာဖြင့် ပျက်စီးနေသည်ကဲ့သို့ ခံစားနေရသည်။

"ငါမင်းကိုကောင်းစေချင်လို့အကြံပေးလိုက်မယ် အရင်တုန်းကလို ကိစ္စတွေမကြုံချင်ရင် အဲ့အပျက်ကောင်ကို အဆက်အသွယ်ဖြတ်လိုက်တာကောင်းမယ်"

"ဟက်..!"

ထိုစကားကြောင့် လျှစ်လျှူရှုထားသည် စက်တယောက် ‌နောက်ဆုံး၌ လှောင်ရီရိလိုက်မိသည်။

"ဦးလေး ကိုယ့်နေရာကိုယ်သိပါ"

"တောက်"

စက်၏အပြောကြောင့် ထိုလူကြီးမှာအံကြိတ်ကာ သူ့ဒေါသမျက်လုံးအား ဆွေးဘက်ပို့ရန်သာတတ်နိုင်သည်။ စကားစပြောတိုင်း စက်၏ တုံပြန်ရန်ပင်ပျင်းရိကာ အတူတမင်းတနပ်စားပေးသည်ကပင် ဂိတ်ဆုံးနေသည့်အမူအရာကြောင့် သူ့မာနအား ထိခိုက်သလိုခံစားရကာ ဆက်မပြောတော့ချေ။ အဖေဖြစ်သူနှင့်စက်၏ တင်းမာသည့် အခြေအနေကြောင့် ဘေးမှမိန်းမငယ်လေးမှာ ဝင်ပါလာသည်။

My Possessively Mafia Boss Where stories live. Discover now