" ကဲသားတို့သမီးတို့ရေ မင်းတို့သူငယ်ချင်းအသစ်တွေရောက်လာတယ် ခုမှကျောင်းပြောင်းလာတာမို့ ကူညီပေးလိုက်ကြပါအုန်း "

"ဟုတ် ဆရာမ "(All)

ဆရာမက sky တို့ဘက် လှည့်ပြီး

" ကဲ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လိုက်ပါအုန်းကွယ် "

ခပ်သွက်သွက် အာကာပိုင်က

"ဟဲလို... ငါ့နာမည်က အာကာပိုင် ခုမှအသစ်ရောက်လာတာဆိုတော့ ငါတို့၄ယောက် အကူအညီလိုရင် ကူပေးပါအုန်းဗျ အားလုံးနဲ့သူငယ်ချင်းဖြစ်ချင်ပါတယ် ကူညီ​ပေးရင် မုန့်ဝယ်ကျွေးပါ့မယ်ဗျ ဟဲ..ဟဲ.. "

" ငါ့နာမည် ဖြိုးဉာဏ်လင်း ကိုဖြိုးလို့ခေါ်လို့ရတယ် အာကာပြောတဲ့အတိုင်းပါဘဲ အကုန်လုံးနဲ့ခင်ချင်ပါတယ် "

" ငါ့နာမည် ရွှန်းလဲ့သခင် ဒီက သူငယ်ချင်းတွေက ရွှန်းလဲ့လို့ခေါ်လို့ရပါတယ်နော် "

sky တစ်ယောက် နှုတ်ပိတ်ဆဲ

ရွှန်းလဲ့ကပဲ

"ဟဲ့ ဇိုင်းယံ မိတ်ဆက်အုန်းလေ"

ရွှန်းလဲ့အပြောကြောင့် ကျောင်းပေါက်ဝက တွေ့ခဲ့တဲ့ခလေးအကြောင်းပြန်တွေးနေတဲ့ sky တစ်ယောက် အတွေးကမ္ဘာကနေပြန်နှိုးထလာခဲ့သည်။အတန်းထဲသို့ဝေ့ကြည့်ရင်း..

"ဇိုင်းကောင်းကင်မာန် skyလို့ခေါ်လို့ရတယ် "

sky ရဲ့ ဘုနဲ့ဘောက်အပြောကြောင့် အာကာပိုင်တို့မာ သက်ပြင်းချလျက်

" စိတ်ထဲထားမနေနဲ့ ဒီကောင်က အရင်ထဲက ဒီလိုဘဲ "

ကဲ..ကဲ..

"သမီးရွှန်းလဲ့ သမီးသီရိဘေးမာ သွားထိုင်နော် "

"သားတို့၃ယောက်က အရပ်ရှည်တော့ အနောက်ဆုံးတန်းမာ သွားထိုင် ခုံချပေးထားတယ်နော် "

" သားတို့သမီးတို့ က ကျောင်းပြောင်းနောက်ကျတော့ (A)ခန်းမှာထားပေးပေမဲ့ သားတို့မိဘက မလိုဘူးပြောလို့ bio ယူထားပေမဲ့လည်း (B)ခန်းမှာဘဲ ထားလိုက်တယ်နော် သားတို့အဆင့်ကောင်းရင် (A)ခန်းမာ ပြန်ထားပေးမယ် ဟုတ်ပြီလာ "

" စာအုပ်ထုတ်ကြတော့ "

------------
နေ့ခင်း၁၂နာရီ....

Unlimited LoveWhere stories live. Discover now