Part-24 final

1.7K 20 0
                                    

အချစ်လှိုင်း❤️🌷

အပိုင်း(၂၄)
ဇာတ်သိမ်းပိုင်း

"အနွေးထည်ပါပြီ ညအိပ်အင်္ကျီလဲပါပြီ
နည်းနည်းဘဲ ကိုထည့်ထားလိုက်တယ် ဆူး
ဟိုရောက်မှ လိုအပ်တာ ဝယ်လိုက်နော်...
အများကြီးမထည့်သွားတော့နဲ့"

Luggange ထဲ သူ့အင်္ကျီတွေ ပစ္စည်းတွေထည့်ပေးရင်း
ပြောနေသည့် ကိုထက်ပုံစံက ဝမ်းနည်းခြင်းအလျင်းမရှိ
တက်ကြွနေသည့်ပုံ...
နောက် ၂ရက်နေရင်သွားရတော့မည်... ကိုထက်ကတော့
သူ့ကိုဆွဲထားမည့်ပုံမပေါ်....

"ဟိုရောက်ရင် အေမီနဲ့အတူတူနေခဲ့တဲ့ အိမ်ကိုဘဲငှားမယ်မလား"

ပြောဆိုရင်းဖြင့် ဆူးကိုလှည့်ကြည့်လိုက်တော့..
မျက်ရည်တွေ ကျကာ..သူ့ကိုကြည့်နေတာမို့
ထက်အောင် အင်္ကျီတွေထည့်နေရင်းကနေ
ဆူးရှေ့နားသို့ အမြန်သွားလိုက်ကာ... မော့ကြည့်လိုက်ပြီး...

"ဆူး မိန်းမ... ဘာဖြစ်တာလဲ"

ဘာမှမပြောဘဲ ဒီတိုင်းထိုင်နေတာမို့ ထက်အောင်ပို၍နေရခက်လှသည်
လက်တွေကို ဆုပ်ကိုင်လိုက်ပြီး နမ်းရှုံ့လိုက်ကာ..

"မိန်းမဘာဖြစ်တာလဲပြောလေ... ဘယ်လိုခံစားနေရလို့လဲ ဟင်..."

"ဘယ်လိုခံစားနေရမလဲ မသိဘူးလား
နောက် ၂ရက်နေရင် ကျွန်မသွားတော့မှာ
ဒါပေမယ့် ရှင့်ပုံစံက ဝမ်းနည်းနေတဲ့ပုံလည်းမပေါ်ဘူး
အရင်တုန်းကလို မချစ်တော့တာလား ဒါမှမဟုတ် ကျွန်မ ရှင့်ကိုမချစ်တော့ ရှင်လက်လျော့လိုက်တာလား"

"ဟင်းဟင်း.... မိန်းမ  ရစ်လှချည်လား...
ကိုယ်ဝန်ရှိနေတာများလား... အဲ့တာလည်းမဖြစ်နိုင်ပါဘူး ကိုနဲ့မင်းနဲ့ အတူတူမအိပ်တာဖြင့် တော်တော်ကြာနေပြီကို"

"ဘာတွေလာပြောနေတာလဲ...အဟင့်ဟင့်"

ရှိုက်ကြီးတငင်ငိုတော့တာမို့ ထက်အောင် ရီရင်းဖြင့်...

"က​ဲပါ ကိုက စတာပါ... ကို့ကိုမင်းမချစ်ဘူးလား
ချစ်သလားဆိုတာ ကိုယ့်ကိုယ် ကိုယ်သိပြီလား..."

မဖြေပါ... ငိုမြဲငိုဆဲပါဘဲ... သူ့ကိုစေ့စေ့ကြည့်ပြီးလို့ကို ငိုနေတာ...

အချစ်လှိုင်း အတွဲ (၁) (Complete)Where stories live. Discover now