Part-13🌸

855 13 0
                                    

အချစ်လှိုင်း ❤️🌷

အပိုင်း(၁၃)

ကိုထက်ထွက်သွားတဲ့ အချိန်အထိ ဆူး ကြောင်ပြီးရပ်နေမိနေဆဲပါ...
ပြောသွားတဲ့ စကားတွေထဲ အမှားတစ်ခုမှမပါပေမယ့် သူ့အပြစ်တွေချည်းဖြစ်အောင်ပြောသွားတာကိုတော့ ဆူး မခံမရပ်နိုင်ဖြစ်လှသည်...

ထိုနေ့ကသာ ကိုထက်ကို လက်ထပ်ကြဖို့မပြောခဲ့ရင်...
ဆိုတဲ့နောင်တတွေ အများကြီးရသည်...

အမရာဆူး.... ဆိုတဲ့မိန်းမတစ်ယောက်က ရှင့်လို ဘာမှမဟုတ်တဲ့ ယောက်ျားကို လက်ထပ်ယူခဲ့တာတောင် ရှင်ကျေးဇူးတင်သင့်တာ...
အခုတော့ အပြစ်တင်ရှုပ်ချဖို့ဘဲ တွေးနေတာကိုး... လျစ်လျူရှုတတ်ပြီး တစ်ကိုယ်ကောင်းဆန်တတ်တဲ့ သူတွေထဲမှာ ကျွန်မက ထိပ်ဆုံးဆိုတာရှင်မေ့နေတယ်ထင်ပါရဲ့... ကိုသုတထက်အောင်....

"သမီးရယ်... လင်မယားအချင်းချင်းဘဲကွယ်
ပြေပြေလည်လည်ပြောကြတာမဟုတ်ဘူး"

"အန်တီ အန်တီ့သားက ပြေပြေလည်လည်ပြောချင်တဲ့ပုံပေါ်နေလို့လား"

"သုသုရဲ့ဇော ကြောင့်ပါ စိတ်ထဲအရမ်းမထားနဲ့နော် သမီး
လင်နဲ့မယား လျှာနဲ့သွားတဲ့ တခါတလေတော့ ကိုက်မိကြမှာဘဲလေ"

"သုသုကိုမလိုချင်လို့ ပစ်ပယ်ခဲ့တဲ့ သူက အခုမှ သူ့သမီးဆိုပြီးလုပ်နေလို့ ဘယ်ရပါ့မလဲ အမရာဆူးဆိုတဲ့ ကျွန်မကရောပေးမယ်များထင်နေလား"

"တော်တော့ အမရာဆူး...
ဒီကလေးက မင်းနဲ့ သူနဲ့ ကလေးနော် မင်းတစ်ယောက်တည်းလဲမပိုင်ဘူး သားငယ်တစ်ယောက်တည်းလည်းမပိုင်ဘူး
နှစ်ယောက်အတူတူပိုင်တာ ကလေးနော် ကလေး... အရာဝတ္ထုမဟုတ်ဘူး မင်းတို့ရဲ့ မာနတွေ အတ္တတွေကြား ကလေးကို ဆွဲမသွင်းကြနဲ့"

အဖြစ်အပျက် အစ ကနေ အဆုံးထိ နားထောင်နေနေပေမယ့်လည်း
ဘာမှ ဝင်မပြောခဲ့... အခုနောက်ပိုင်းမှ ကလေးကို ကစားစရာလိုလုပ်နေမှန်းသိလိုက်မှ မနေနိုင်ဘဲ လင်းအောင်ဝင်ပြောမိသည်...

"ရှင့် ညီကရော မှန်နေလို့လား... သူ့ရဲ့မာန်မာနကိုရှေ့တန်းတင်နေတာဘဲလေ ဒီကလေးကို သူလိုချင်လို့ သူဒီလိုတွေလုပ်နေတာမှန်းအသိသာကြီး... ဟွန့်... မမဆူးက သူ့ကိုကျောင်းအကြိုအပို့လုပ်ခိုင်းတာတောင် သူလုပ်ပေးသလား...အခုသူ့ကြောင့် ကားတိုက်ခံရမှ ဒါသူ့ကလေးပါ ဆိုပြီး လက်မလာထောင်ပြနေတာ ကရော ရှင့်ညီမှန်တယ်ထင်နေလား"

အချစ်လှိုင်း အတွဲ (၁) (Complete)Where stories live. Discover now