Part-18

804 13 0
                                    

အချစ်လှိုင်း❤️🌷

အပိုင်း (၁၈)

"အွန့်......"

နေရောင်နွေးနွေးလေးက သူ့မျက်နှာပေါ်ကျလာတာမို့
ဆူးနိုးလာရလေသည်...အညောင်းဆန့်ရင်း....တစ်ဖက်ကိုလှည့်လိုက်တော့...

"မောနင်း မိန်းမ"

"အမေ့!"

ရုတ်တရက်ဆိုတော့ လန့်သွားခဲ့ခြင်းပင်
သူ့ရဲ့ကျောဖက်မှာအိပ်နေတာက ကိုထက်...
ဘယ်အချိန်ကတည်းကနိုးနေတာလဲ မသိပေမယ့် မျက်နှာသစ်ပြီးနေလေသည်...

ဆူး ထထိုင်လိုက်ပြီး...

"သက်သာသလား"

"မသိဘူး မိန်းမစမ်းပေးဦး"

"ဆရာဝန်ဖြစ်ပြီးကွကိုယ်စမ်းလေ"

"မိန်းမကလဲ ငြိုငြင်လိုက်တာ...လုပ်ပါ...စမ်းပေးဦး"

သူ့ဆီကိုတိုးလာကာ လက်ကိုလှမ်းယူပြီး နဖူးပေါ်တင်လေသည်...
မတတ်သာတော့ဘဲ အကြိုက်ဆောင်ပေးရတော့သည်...

"အဖျားကျန်သေးတယ် ဆေးတစ်လက်လောက်ထိုးလိုက်ဦး
ဒီနေ့ ဆေးရုံသွားမှာမလား အဲ့မှာတခါတည်းထိုးခဲ့"

"မသွားဘူး ကို နေမကောင်းဖြစ်နေသရွေ့ မင်းနဲ့ဘဲနေမှာ"

သူ့ကိုလှမ်းဖက်ပြီး ရင်ခွင်ထဲ တိုးဝင်ကာ ပြောနေပြန်လေသည်

"ကိုထက် ဘယ်လိုဖြစ်နေတာလဲ.. ဖယ်
ဘာလို့ အဲ့လောက် ချွဲနေရတာလဲ ဟန်... ကလေးလဲမဟုတ်"

"ဟာ... ကိုလဲ ချွဲချင်တာပေါ့ ကလေးဘဲချွဲရမယ်လို့ ဘယ်သူပြောထားလို့လဲ သုသုကိုဆို မင်းရင်ခွင်ထဲ အမြဲသိပ်တာ... အဲ့တုန်းကဆို ကိုလဲ မင်းရင်ခွင်မှာအိပ်ချင်တာပေါ့ ကိုနေမကောင်းမှ မင်းနဲ့ အတူအိပ်ခွင့်ရတာ.... မဟုတ်ရင် ဒီရင်ခွင်ကြီးကို သုသုဘဲ အပိုင်ယူထားတာ"

မျက်နှာလေးကျုံ့ကာ ​အမှန်တွေပြောနေတော့လည်း ဆူး ငြိမ်နေရလေသည်...

"သုသုက ကလေးလေ ရှင်က ကလေးလားအေ့"

"ကလေးမဟုတ်ဘူး ဒါပေမယ့် ကိုက မင်းရဲ့ယောက်ျားလေ
ဒီရင်ခွင်ကို ကိုလဲ ပိုင်တာပေါ့"

သူ့ရင်ခွင်ထဲ ကနေ ပြောနေတဲ့ ကိုထက်ရဲ့ လေဝင်လေထွက်တိုင်းဟာ ပူနွေးလျက်...

အချစ်လှိုင်း အတွဲ (၁) (Complete)Where stories live. Discover now