Arc 4🗡78🗡မိမိကိုယ်ကို နှိပ်စက်ခြင်း

Start from the beginning
                                    

ဤအခင်းအကျင်းများသည် အ​ခြေခံအားဖြင့်သာ ပံ့ပိုးထားခြင်း ဖြစ်ပြီး ၎င်းတို့ကို မည်သူမျှ လက်ခံထားခြင်း မရှိသည့် အတွက်ကြောင့် ၎င်းတို့သည် မသေနိုင်လျှင်ပင် အရေပြားများ ထိခိုက်ဒဏ်ရာ ရသွားမှာ ဖြစ်သည်။

ဤသည်မှာ အဖွဲ့ကို ဦးဆောင်သူ သူတော်စင် တစ်ပိုင်းများ၏ ချိုးဖျက်နိုင်သော ခွန်အားဖြစ်ဆဲပင် ဖြစ်သည်။

"အကြီးအကဲချောင် သွားကြစို့... ငါတို့ ရွှဲနေတဲ့ ရေကို မထိသင့်တော့ဘူး"

ပိုင်မြန့်က အော်ပြောလိုက်သည်။ သူ့စိတ်တွေ ကမောက်ကမ ဖြစ်နေရတာ ကြာပါပြီ။ သူ ဒီအတိုင်း ဆက်နေရင် တခြား ဘာအကျိုးမှ ရှိမှာ မဟုတ်ဘူး ဆိုတာ သိသည်။ လုရွှမ်က အောင်မြင်မှုအတွက် ခြေတစ်လှမ်းပြီး တစ်လှမ်း တက်နေတာပဲ။

လုရွှမ်၏ အရှိန်သည် လျှပ်စီး လက်သွားသလို ကောင်းကင်က မိုးခြိမ်းသံနှင့်အတူ သူတို့နှစ်ဦးရှေ့ကို ရိုက်ခတ်လာခဲ့သည်။

"မင်းတို့ နှစ်ယောက်လုံး...လာချင်တိုင်းလာ သွားချင်တိုင်း သွားရအောင် ကမ္ဘာပေါ်မှာ ဒီလောက်သဘော ကောင်းတဲ့လူ ဘယ်မှာရှိမှာလဲ?"

လုရွှမ် ဒီနတ်ဆေးလုံးက သူ့ကိုယ်ပိုင် ခွန်အားကို ဘယ်လောက်တောင် တိုးတက်စေနိုင်လဲ သေချာ မသိသေးပါ။ ထို့အပြင် သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ်မှ သူတော်စင်တစ်ပိုင်း ဖြစ်လာရန် သူတော်စဥ်လမ်းစဥ် နိယာမကို နားလည်ထားရမည်။

သူတော်စဥ် လမ်းကြောင်းတွင် လမ်းကြောင်း ၃၀၀၀ ခန့် ရှိကာ မတူညီသော လမ်းကြောင်းများတွင် မတူညီသော သြဇာလွှမ်းမိုးမှုများ ရှိကြသည်။

သူ​တော်တစ်ပိုင်းကို အောင်မြင်ရန် နတ်ဘုရားအသွင်ပြောင်းဆေးကို အသုံးပြုနိုင်ကြောင်း ကျီးကန်း ပြောခဲ့ဖူးသည်။ ဒါက ရိုးရှင်းသော်လည်း အနာဂတ်အတွက် ကြီးမားသောအန္တရာယ်ကိုလည်း ဖြစ်စေနိုင်သေးသည်။

သူတော်စင်လမ်းစဥ် ဥပဒေကို ပြီးမြောက်ရန် နတ်ဆေးလုံးကို အသုံးပြုခြင်းသည် အခြားအရာများထက် အားနည်းသည့် အချက်ဟု ယူဆသော်လည်း တိမ်ပင်လယ် နယ်မြေရှိ ကျင့်ကြံသူများအတွက် ၎င်းသည် သူတော်စင်နယ်ပယ် အဆင့်၉ နဝမတန်း ဆေးလုံးထက် မနည်းသော တန်ဖိုးသာ ဖြစ်သည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now