''အပြင်လူမဝင်ရပါဘူး''

''ဟို အထဲကိုခဏ''

''သတင်းယူလို့လည်းမရပါဘူး''

''သတင်းဌာနကဆိုပေမယ့်
သတင်းယူမလို့မဟုတ်ပါဘူး
အသိထင်လို့''

''အထဲဝင်ခွင့်မပေးပါဘူး''

အခြေအတင်တွေပြောနေရတုန်း
အဲဒီလူက မတ်တပ်ထရပ်တယ်။
ဘယ်သွားမှာလဲ။
ဟင့်အင်း.. အပျောက်မခံနိုင်ဘူး
လိုက်ကြည့်ပြီး အတည်ပြုရမှ ဖြစ်မယ်။လုံခြုံရေးဆီက ရုန်းပြီး ပြေးထွက်ခဲ့တယ်။
အနားနီးလေ သေချာလေပဲ..
မြင့်မားတဲ့အရပ်နဲ့ နောက်ကျောကိုမြင်ရတာတောင် ချောမောနေမှာက အီဘာဒါအပြင် ဘယ်သူရှိနိုင်သေးလို့လဲ..

''ဘာဒါ''

ခေါ်လိုက်လို့လား..
ပြန်မလို့လှည့်အထွက်လားတော့မသိဘူး..
လှည့်ကြည့်လာတဲ့ သူ့ရင်ခွင်ထဲပြေးဝင်လိုက်မိတယ်..
ဘာဒါပဲ
ဒီတခါဟုတ်နေတာပဲ..
အီဘာဒါကို ပြန်တွေ့ပြီတဲ့..
သူ့ခါးကို တင်းနေအောင်ဖက်ပြီး
ပျော်လွန်းလို့ မျက်ရည်တွေက အတားအဆီးမရှိကျနေတယ်။
ဒီကိုယ်သင်းနံ့လေး
အိပ်မက်ထဲအပြင် မရဘူးတာဘယ်လောက်ကြာပြီလဲ..

အတော်ကြာဖက်ပြီး ငိုနေပြီးတော့မှ

''မမ''

ခပ်တိုးတိုးခေါ်တဲ့ သူ့အသံရှရှလေးကြောင့် မော့ကြည့်မိတယ်။
ပုခုံးကိုကိုင်ပြီး သူက ချယ်ယောင်းမျက်ဝန်းတွေထဲထိ
စိုက်ကြည့်တယ်။
မျက်ရည်စက်လက်နဲ့ သူ့ကိုမော့ကြည့်နေတော့
မျက်ရည်ကို ခပ်ဖွဖွသုတ်ပေးပြီး

''ကိုယ်တို့ အပြင်ထွက်ရအောင်''

ပြောပြီး ပုခုံးကိုဖက်ပြီး
ချယ်ယောင်းကိုအပြင်ကိုခေါ်ထုတ်တယ်။
အဲ့တော့ ဘေးပတ်ဝန်းကျင်ကို သတိထားမိတယ်။
အရာအားလုံးရပ်တန့်ပြီး ချယ်ယောင်းတို့ကိုပဲ ကြည့်နေကြတာလေ။
ရှက်လိုက်တာ..
ဘာမပြောညာမပြောနဲ့ ပြေးဖက်တာမလား။

ဟိုလူတွေနဲ့ဝေးဝေးရောက်တော့မှ ချယ်ယောင်း ရုန်းပြီး သူနဲ့မျက်နှာချင်းဆိုင်ရပ်လိုက်တယ်။
ဘာဒါက ငုံ့ကြည့်ပြီး

''မမ''

သူ့ခေါ်သံကြားတော့ လူကပိုဝမ်းနည်းသွားတော့တာပဲ။
သူ့ရင်ဘတ်ကို ထုပြီး ငိုနေလို့
လက်တွေကို ဖမ်းဆွဲပြီး

မင်းနဲ့တွေ့ပြီးတဲ့နောက်Where stories live. Discover now