ပွဲထဲရှိနေတဲ့အချိန်သာ စိတ်ခံစားချက်တွေကောင်းနေတာကြောင့် ပင်ပန်းလို့ပင်ပန်းမှန်းမသိကြပေမဲ့ ပွဲပြီးသွားမှသာ ပင်ပန်းရကောင်းမှန်းသိတော့သည်။
အကုန်လုံးလည်း တက်တက်ကြွကြွနဲ့ ပါဝင်ထားကြတဲ့အပြင် တစ်ညလုံးလည်းသောက်ဖြစ်သွားကြတာမို့ ပင်ပန်းနေကာ အိမ်ထဲရောက်တာနဲ့ အလျှိူလျှိူအိပ်ပျော်ကုန်ကြပြီဖြစ်သည်။

>>>>>>>>>>>>>>>

မနက်အစော Jimin  နိုးလာတော့ Jungkook က
တစ်ကိုယ်လုံးကို ခွဖက်ထားရင်းအိပ်နေတုန်းပင်ဖြစ်သည်။
ညကဘယ်လိုအိပ်ယာထဲရောက်ပြီး အိပ်ပျော်သွားမှန်း​တောင်မသိလိုက်ပေ။
အချိန်အတော်လေးနောက်ကျသွားတာကိုတော့ မှတ်မိတာမို့ ကျန်တဲ့သူတွေ ဘယ်လိုတွေပြန်ကုန်ကြတယ်မသိ။နာရီကြည့်လိုက်တော့ 10နာရီကျော်နေပြီမို့ ထသင့်နေပြီဖြစ်သည်။

"Jungkook ထတော့!!!"

လက်မောင်းကို အသာအယာလှုပ်ပြီးနှိုးတော့ နည်းနည်းလေးတောင်လှုပ်မလာပေ။
စိတ်မရှည်တဲ့အဆုံး လက်မောင်းသားတွေကို ကုန်းပြီးကိုက်လိုက်ကာမှ

အားးး!!!

"နိုးပြီမလား ဟန်ဆောင်မနေနဲ့ထတော့"

"နာတယ်ကွ"

သူများကြင်စဦးတွေလို အိပ်ယာထဖို့ အနမ်းလေး
ပေးပြီးတော့များနှိုးခံရမလားလို့ ကြိတ်မှိတ်အိပ်ချင်ယောင်ဆောင်မိပါတယ်။
အကိုက်သာခံလိုက်ရသည်။
မင်္ဂလာဦးညကိုလည်း မင်္ဂလာမဦးလိုက်ရတဲ့အပြင် နိုးလာတော့လည်း ချစ်ကြည်နူးဖို့အခွင့်အရေးကမပြန်တာမို့ အတော်လေး ညစ်သွားရသည်။

"မထဘူးလား အရမ်းနောက်ကျနေပြီ။ပြီးတော့ ညက Tae Hyung တို့ဘယ်လိုပြန်ကြလဲ။"

"မသိဘူး သူတို့ဘာသာဘယ်လိုပြန်ပြန်ပေါ့။"

"မင်းကလည်း ငါတို့ပွဲကိုတစ်လျှောက်လုံးအပင်ပန်းခံပြီး ကူညီပေးကြတာကို အဲ့လိုပြောစရာလား"

"ပြောမှာပဲ ညကသူတို့ကြောင့် မင်းကသောက်တာတွေများပြီး အိပ်ပျော်သွားတော့ မင်္ဂလာဦးညပါဆို ဘာမှတောင်မဘာမှလိုက်ရဘူး။နောက်ဆုံး ကုန်ကုန်ပြောရရင် အိမ်ထောင်ကျပြီး ယောကျာ်းသာရသွားတယ် ညအိပ်ယာဝင်အနမ်းလေးတောင်ရပိုင်ခွင့်မရှိတဲ့ဘဝ။ Jeon Jung Kook ဘဝကြီးကအဲ့လိုဖြစ်နေပြီ။"

ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်Where stories live. Discover now