ရှန့်ယန်ကျားက ပူးပူးပေါင်းပေါင်းလုပ်နေခဲ့သည်မှာတော့ ဒုတိယသင်ခန်းစာ မရောက်ခင် အချိန်လေးထိသာ။ နောက်ထပ်မေးခွန်းတစ်ခုတွင်တော့ ရှန့်ယန်ကျားက သက်ပြင်းတစ်ချချလုပ်လာပြီး အာရုံလည်းမစိုက်နိုင်တော့ဘဲ ပြဿနာ စရှာတော့သည်။
ရွှီဆွေက ဆံပင်ကောက်ကောက်လေးများအား မေးခွန်းစာရွက်ဖြင့် ခေါက်လိုက်၍
"အသက်ကဖြင့် ဘယ်လောက်မှမရှိသေးဘဲနဲ့ ဘာလို့ သက်ပြင်းတွေချနေတာလဲ..မြန်မြန် အဖြေရေးလေ"
"ရှောင်ရွှီလောင်ရှစ်..လောင်ရှစ် နားမလည်ပါဘူးဗျာ..ကျွန်တော်တို့ ဒီခေတ် ကလေးတွေက နေ့တိုင်း စာသင်ချိန်တွေနဲ့ပဲ လုံးခြာလိုက်နေရတာ..လူကြီးတွေက ကျွန်တော်တို့ရဲ့ကလေးဘဝက ဘယ်မှာရှိမှန်းကို နားမလည်ကြဘူး"
ရှန့်ယန်ကျားက ငယ်ရွယ်ပြီး ရင့်ကျက်နေသည့်ပုံစံမျိုးလေး ဖြစ်နေလေ၏။
ရွှီဆွေ ;
"ဒါဆို မင်းရဲ့ကလေးဘဝက ဘယ်မှာရှိတာတဲ့လဲ"
ဆံပင်ကောက်လေးက မတွေမဝေဘဲ ပြန်ဖြေလာခဲ့၏။
"The Legend of Zelda ၊ WestWorld ထဲမှာလေ"
ရွှီဆွေက အချိန်ကိုတစ်ချက်ကြည့်လိုက်၏။
"တကယ်လို့ ဒီတစ်နာရီစာမေးခွန်းကို မိနစ်လေးဆယ်ထဲနဲ့ ပြီးအောင်ဖြေနိုင်ရင် အစ်မက မင်းနဲ့အတူတူ မိနစ်နှစ်ဆယ် ဂိမ်းကစားပေးမယ်"
ရွှီဆွေ ;
"မင်း အခုရောက်နေတဲ့ level ထက်သာအောင် ဆော့ပေးမယ်"
ဆံပင်ကောက်လေးက စိတ်တိုင်းမကျစွာဖြင့် ဆိုလာ၏။
"ဟွန်း..ဒီလောကကြီးထဲမှာ ဂိမ်းကိုဆရာကျအောင်ဆော့နိုင်တာ ကျွန်တော် လေးစားရတဲ့ ကျင်းဇယ်ကောပဲရှိတယ်"
ရွှီဆွေက ဘယ်လိုမှမနေဘဲ ခပ်ပြတ်ပြတ်ဖြင့် ပြန်ဆိုလာ၏။
"ဟုတ်လား..ဒါဆို ဒီနေ့ကစပြီး မင်း လေးစားရမယ့်သူ နောက်တစ်ယောက်ရှိလာပြီလို့ မှတ်လိုက်"
YOU ARE READING
ဖွင့်ဟဝန်ခံခြင်း [ ဘာသာပြန် ]
Romance--ကောင်းကင်ပြင်ကြီး ခြားနားထားမှန်း သိနေတာတောင် ချစ်ခြင်းမေတ္တာတွေကို နေ့တိုင်း စာအိတ်လေးထဲ ထည့်ထားတုန်းပါပဲ--
Chapter 7
Start from the beginning