ခဏလေး သူ့တင်ပါးမှာ အဖြူရောင် အမွှေးရှည် ကြီးက ဘာတုန်း? သူက ဖာရက်အမြီးကိုလည်း အမွေရခဲ့တာလားဟင်?

မီး နှင့် အားကျင့် ကဘယ်ကိုကြည့်နေသည်ကို သူသိပုံရပြီး အမြီးကို နှစ်ကြိမ်လှုပ်ပြလိုက်သည်။ မီးသည် အူလိုက်အသည်းလိုက်ရယ်မောကာ ကုတင် ပေါ်သို့ လက်ကိုဖြန့်၍  ပြုံးကာ ကလေးကိုခေါ်တော့သည်။

"ဖက်ထုပ်လေး ဒီကိုလာ"

ဖက်ထုပ်လေးသည်မီးကိုကြည့်ကာ အတောင်ပံများကို ဝှေ့ယမ်း၍ ခဏအကြာတွင် မီးရဲ့လက်ဖဝါးပေါ်သို့ ကျရောက်သွားတော့သည်။

မီးနဲ့အားကျင့် : (⊙o⊙)!

သူတို့နှစ်ယောက်ဟာ ကမ္ဘာပေါ်မှာ စိတ်ဝင်စားစရာအကောင်းဆုံး အရုပ်ရလိုက်သလိုမျိုး ဖက်ထုပ် လေးကို ဟိုနားပျံ ဒီနားပျံနဲ့ ညွှန်ပြနေလေရဲ့

အားကျင့် : "ဘယ်လိုတောင် လိမ္မာတဲ့ ကလေးလေးလဲ!"

အားကျင့် ၏ချီးမွမ်းသံကိုကြားတော့ ကလေးလေးသည် သူ့အမြီးကို ဝှေ့ယမ်းကာအားကျင့်ရှိရာသို့ပျံသန်းလာပြီး သူ့လက်ဖဝါးပေါ်သို့ လှဲချလိုက်သည်။ ဟဲကျင့်က အံ့သြစွာ မေးလိုက်သည်

"ငါတို့ပြောတာကို နားလည်တာလား?"

မီး:"ငါတို့အသံတွေကို မှတ်မိနေတာဖြစ်နိုင်တယ်"

ဟဲကျင့်က ခဏလောက်စဉ်းစားပြီး

"တကယ်တော့ ဖက်ထုပ်လေးက ဘာလဲနော် NPC?"

မီး:"ဒါဟာ စနစ်အိမ်မွေးတိရစ္ဆာန် အမျိုးအစား ဖြစ်မယ်ထင်တယ်"

သူသည် စနစ်အိမ်မွေးတိရစ္ဆာန် သို့မဟုတ် NPC ဖြစ်ပါစေ သူ့တွင်  အရည်အချင်းများရှိသည်။ နှစ်ယောက်သား ဖက်ထုပ်လေးရဲ့  ခေါင်းလေးကို ကြည့်လိုက်ရာတစ်ဝက်သာမြင်ရသည့် မက်ဆေ့ဘောက်စ်တစ်ခု ရှိနေလေသည်-

"မီးနဲ့ အားကျင့်ရဲ့ ကလေး"

နာမည်: ဖက်ထုပ်လေး

အမျိုးအစား- Devil Baby

အသက်: 1 နှစ်

အသက်တန်ဖိုး 100000

အရည်အချင်းများ- မယုံနိုင်စရာကောင်းလောက်အောင် တိုက်ခိုက်နိုင်စွမ်းရှိသော ကလေး၊ သူသည် ဝိညာဉ်အိမ်မွေးတိရစ္ဆာန်များဖြင့်အစားထိုးနိုင်ပြီး မိဘနှစ်ဦးလုံး သို့မဟုတ် မိဘတစ်ဦးဦးနှင့် အတူတူတိုက်ခိုက်နိုင်သည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now