"ဟုတ်"

"ကဲပါ ကလေးကိုမြောက်ပေးမနေနဲ့မမယ်။
အစာတစ်ခုခုကျွေးပြီး ဆေးတိုက်ရအုံးမယ်။
ဟိုကလေး ... စွပ်ပြုတ်အရင်သောက်ရမယ်နော်"

"ဟုတ်"

အငွေ့တထောင်းထောင်းထနေတဲ့ ကြက်သားစွပ်ပြုတ်ထဲမှာ ခပ်ညီညီတုံးထားတဲ့အာလူးစေးစေးလေးတွေက မိုင်မိုင်းအကြိုက်ဖြစ်မှာသေချာသည်။လူနာကုတင်ပေါ် ခေါက်စားပွဲအသေးလေးတင်ပေးကာ မိုင်မိုင်းကိုထူပေးပြီး
စားရအဆင်ပြေအောင်ထားပေးလိုက်၏။

"ဟင် ဒီနေ့လည်းစွပ်ပြုတ်"

"အာလူးလေးတွေပါတယ်လေ စားကြည့်ပါအုံး"

"ဟင်းး ညနေကျရင်တော့ တခြားဟာလေးပြောင်းကျွေးနော်... နော် ဦးဦး"

"ဟုတ်ပြီ ခုတော့စားအုံး။ မမယ် ဂျူတီအားရင် ကလေးနားခဏနေပေးပါ... ကိုယ်အလုပ်လေးရှိလို့"

"အင်း ရတယ်လေ သွား သွား"

မနေ့ညကတည်းက လွမ်းဆီကရောက်နေတဲ့
အမှုတွဲအတွက် ရုံးကိုသွားဖို့လိုတာမို့
မလွဲသာလို့သာထွက်လာခဲ့ရတယ်။မိုင်မိုင်းကိုတော့ စိတ်မချနိုင်ပါ။အင်း မမယ်တော့ရှိပါသေးတယ်လေ။ အလုပ်ကိုမြန်မြန်အပြတ်ဖြတ်ပြီး
မိုင်မိုင်းအတွက် မုန့်ဝယ်လာပေးဖို့ကိုပါ
ရည်ရွယ်လိုက်သည်။

::::::::::::::

ဆေးရုံမှာရက်အနည်းငယ်နေပြီးပေမဲ့ မိုင်မိုင်းဆီတစ်ခေါက်တောင်ရောက်မလာတာမို့ ထားသွားပြီလားလို့ သံသယဝင်မိ၏။ဒယ်ဒီကတော့
မိုင်မိုင်းဘာဖြစ်ဖြစ်ဂရုစိုက်မဲ့သူမဟုတ်ပါ။
ဒါပေမဲ့ မာမီကတော့ မိုင်မိုင်းကိုချစ်တယ်မလား။
အရင်ရက်တွေကပဲ ဂရုစိုက်နေသေးတဲ့မာမီက
အခုတော့ အရိပ်အယောင်ပင်မမြင်ရတော့ပါ။

ဒါကြောင့် ဦးဦးမရှိတဲ့အချိန်မှာ မာမီ့ဆီဖုန်းဆက်ဖို့ကိုရည်ရွယ်ထားသည်။

"အန်တီမယ်... "

"ဟင် ! မိုင်မိုင်းဘာလိုလို့လဲ"

"ဟိုလေ မိုင်မိုင်းအသားညှပ်ပေါင်မုန့်စားချင်တယ်"

"အဲ့တာက အပြင်ကဆိုင်မှာပဲရောင်းတာကလေးရဲ့။နေရေးပြန်လာရင်ဝယ်လာဖို့ မှာလိုက်မယ်လေနော်"

My Baby GirlWhere stories live. Discover now