ဒီနေ့တစ်နေ့တာလုံးအဆင်ပြေ၊မပြေဆိုတာ
မိုင်ကလေးရဲ့အပြုံးတွေနဲ့ပဲ ထပ်တူကျပါသည်။
မိုင်ကလေးမျက်နှာထပ်မှာ အပြုံးတစ်ခုရှိနေရင်
စေရာနေရေးရဲ့တစ်ရက်တာကလည်း
အဆင်ပြေတဲ့နေ့တစ်နေ့ဖြစ်လာသည်။

"ဟေ့ ... ဒီ၂ယောက်ကဘာတွေရယ်နေကျတာလဲ။ရယ်စရာလေးများရှိရင် ပြန်မျှဝေပါအုံး။
ဆေးရုံမှာလူနာတွေများပြီး ခြေကုန်လက်ပန်းကျနေပြီ"

ညည်းညူသံနဲ့အတူ အထုပ်တချို့ဆွဲရင်း
အခန်းထဲဝင်လာတဲ့ မမယ်ကြောင့်
မိုင်ကလေးကခေါင်းထောင်ကြည့်လာသည်။

"ဖြေးဖြေးထ ခေါင်းမူးမယ်"

"ဟုတ်"

ကျောကနေထိမ်းကာ ခပ်မတ်မတ်ထိုင်ခိုင်းပြီးတာနဲ့ မမယ်ပါလာတဲ့အထုပ်တွေကို
နေရေးလက်ပြောင်းယူလိုက်သည်။

"နေရတာသက်သာပြီလား။မျက်နှာလေးကို ကြည်နေတာပဲ"

"ဟုတ် သက်သာပါပြီအန်တီ"

"အမလေး ချစ်မွှေးလေး။ဟုတ်ပါ့ မာမီ။
မာမီ့သမီးလေးကို ဖက်အုံးမယ်နော်"

"ဟီး ဖက်ပေးပါအန်တီ"

"နေရေးရယ် နင့်ဟာလေးကို ငါချစ်လိုက်တာ"

အပျိုကြီးရဲ့အသည်းကိုခြွေယူနေတဲ့သူရယ်၊
သဲသဲလှုပ်ဖြစ်နေတဲ့ အပျိုကြီးရယ်​ကြားမှာ
နေရေးအတွက်နေရာမရှိတော့ပါ။မမယ်တစ်ယောက် မိုင်ကလေးကိုပွေ့ကာ လူနာကုတင်ပေါ်အထိပါနေရာယူနေတာမို့ ခေါင်းခါမိ၏။သူမ ပါလာတဲ့ စွပ်ပြုတ်ကိုသာပန်းကန်ထဲ
ပြောင်းထည့်ကာ ဘေးကပဲရပ်ကြည့်နေသည်။

"ဦးဦးကစလို့ကောင်းတယ်လေ ။ခုနက ဦးဦးကို
စပြီးရယ်နေရတာ... အန်တီစောစောမလာလို့"

"မရယ်မပြုံးနဲ့ရေခဲတုံးကို မိုင်မိုင်းကစတယ်"

"ဟင့်အင်း ရယ်တယ်လေ"

"သြော် အေးပေါ့ စတဲ့လူက ဟေးမိုင်မိုင်းကို။
မာမီတို့ဆိုစလို့မရဘူးသိလား သဲလေး။သူ့ကို
စလိုက်ရင် ရုပ်တည်ကြီးနဲ့လေ...စရတဲ့လူတောင်ရှက်တယ်။နောက်ဆို မိုင်မိုင်းရဲ့ဦးဦးကို
များများပြုံးအောင်လုပ်ပေး ဟုတ်လား"

My Baby GirlWhere stories live. Discover now