076:ဖက်ထုပ်အကြီးကြီးလိုပဲ

Start from the beginning
                                    

အားကျင့် သည် ဂရုတစိုက် ပြုမူနေသော မီးကို ကြည့်လိုက်ရာ ရုတ်တရက် မီးသည် လူမျိုးနွယ် မဟုတ်တော့ပဲ နတ်ဆိုးမျိုးနွယ်ဖြစ်သွားတာလေ
ပြီးတော့ သူ့တွင် အတောင်ပံ များ ရှိနေကြောင်း ရုတ်တရက် သတိလိုက်ရသည်။ ဒါဆို တကယ်က ငှက်ဥလား ဒါမှမဟုတ် ဘာလဲ?

ဟဲကျင့်နဲ့ မတူတာက မီး က ငှက်လား လူလား မသိချင်ပဲ ဘာပဲ ဖြစ်ဖြစ် သူနဲ့ အားကျင့် တို့ရဲ့ ကလေးလေး ဖြစ်နေသရွေ့တော့ သူ့ကို မြတ်နိုးပြီး သေတဲ့အထိ ချစ်နေလိမ့်မယ်။ သူကပျော်ရွှင်မှုအပြည့်နဲ့ ဥကိုယူကာ သူ့လက်ထဲမှာ ကိုင်ထားလိုက်တယ်။

မီး က ဥကို ကောက်ယူလိုက်တဲ့အခါ ဟဲကျင့် က ကြောက်လန့်တကြားဖြင့်

"သတိထားနော်!"ဒါက တကယ်ကို နူးညံ့တဲ့ ဥလေး အဖိခံရရင် ကလေးကထိခိုက်သွားလိမ့်မယ်...

ခဏလေး သူကဘာလို့ ဒီလိုထူးဆန်းတဲ့ အတွေးမျိုး တွေရှိနေရတာလဲဟင်? (╯‵□')╯(┻━┻)

ဟဲကျင့် သည် သူ့စိတ်ထဲတွင် ရှုပ်ယှက်ခတ်နေသော ခံစားချက်ကို ခံနိုင်ရည်ရှိအောင် ကြိုးစားခဲ့သည်။ သူဘာမှပြန်မပြောခင်မှာပင် မီးကဥကို ညင်သာစွာနမ်း နေတာကို တွေ့လိုက်ရတော့သည်။ ဟဲကျင့် ရယ်ချင်ပေမယ့် မရယ်ခဲ့ပေ။
ပြီးတော့ သူက စိုးရိမ်တကြီးနဲ့ မေးလိုက်သည်

"ငါတို့ အခု ဘာလုပ်ရမှာလဲ?"

မီးက သူ့လက်ထဲတွင် ဥကို ပွေ့ထားပြီး

"မသိဘူး" ဟု အပြစ်ကင်းစင်စွာပြောလာသည်။

ဟဲကျင့် က ဆက်ပြောလာတယ်

"မင်းအဲ့ဒါကိုသားဖောက်မှာလား?"

မှော်ပဲဖြစ်ဖြစ် ငှက်ဥပဲဖြစ်ဖြစ်အဲ့ဒါက မီးရဲ့ဥပဲ သူကမွေးပေးပြီးပြီ ကျန်တာသူနဲ့မဆိုင်တော့ဘူးလေနော်!

မီး:"..."

အားကျင့်: "ဒီမှာဘာလို့ခဏချထားပြီး ယက်ကန်းသမကို သွားမမေးရမှာလဲ?"

မီးကခဏလောက်စဉ်းစားကာပြောလာသည်။

"မင်းသွားလိုက် ငါဒီမှာစောင့်နေမယ်"

ဟဲကျင့်: "..."

သားအဖသံယောဇဉ်တွေပါလားဟမ်။ ကလေးက ဥပဲဆိုပေမယ့် မီး က လုံးဝလက်မလွှတ်ချင်ဘူး။ ဟဲကျင့် သည် စကားမပြောတော့ဘဲ အောက်ထပ် သို့ဆင်းကာ သနားဖွယ်မီးလျှံခေါ်၍ချွိုင်ဖုန်ကျွန်းသို့ ပြေးသွားခဲ့သည်။ ဟဲကျင့် က ယက်ကန်းသမကို သူဘာကြောင့်ဥမွေးရသနည်းဟုမေးသောအခါ ယက်ကန်းသမက
"သင့်ရဲ့မေးခွန်းကို ငါမဖြေနိုင်ပါဘူး" လို့ ဖြေလေသည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now