074:မင်းတစ်ယောက်ထည်းပါပဲ

Start from the beginning
                                    

ဟဲကျင့်က မီးကို ချောင်းကြည့်လိုက်တဲ့အချိန်မှာ မီးက လျှို့ဝှက်ဆန်းကြယ်တဲ့အစေ့ကို အခုလေး
တင် စားလိုက်တာဟ...!

အိုး... ဒီအစေ့က စားဖို့လား?စိုက်ဖို့မဟုတ်ဘူးလားဟင်

ထို့နောက် မီးက သူ့ကို မျက်နှာချင်းဆိုင်ကာပြောလာသည်။

"သွားစို့ အိမ်ပြန်ရအောင်"

ဟဲကျင့်က စိတ်လှုပ်ရှားနေပြီး "အိမ်ပြန်မယ်? ဘာလုပ်ဖို့လဲဟင်?"

မီးသည် သနားဖွယ်မီးလျှံကိုဆင့်ခေါ်တာကိုမစောင့် တော့ပဲ  "အသွင်ပြောင်းခြင်း" ဟု ဆိုလိုက်ကာ ဟဲကျင့်ကို ဖာရက်အသွင်ပြောင်း၍သူ့အတောင်ပံ များကိုဖွင့်ကာ နတ်သမီးစိုက်ပျိုးရေးနယ်မြေသို့ အပြေးပြန်တော့သည်။ ဖာရက်ဟဲကျင့်လေးသည် မီးရဲ့ ရင်ခွင်ထဲတွင် တင်းတင်းကြပ်ကြပ်ဖက်တွယ် ထားရင်း မီးကို ကတိချိုးဖောက်ခွင့်ပေးလိုက်မိတာကို အနည်းငယ် နောင်တရနေလေ၏။

အိမ်ပြန်ရောက်သောအခါ မီးကဟဲကျင့်ကို ပြန်မပြောင်းပေးခဲ့ပေ။ ယင်းအစား လင်မယားနှစ်ယောက် အိပ်ခန်းရှိတဲ့  ဒုတိယထပ်သို့ တန်းတန်းမတ်မတ်သွားခဲ့သည်။ သူသည် ဟဲကျင့် ကို လူသားအဖြစ် သို့ ပြန်မပြောင်းပေးခင် အနီရောင် king size ကု အိပ်ရာပေါ်သို့တင်ပေးခဲ့လေသည်။

မီးသည်ဟဲကျင့် ဖာရက်ပုံဖြစ်နေတုန်းကတော့ ရှက်သွေးဖျာနေတာကိုမမြင်ခဲ့ရပေ။အခုတော့ လူပုံစံပြောင်းသွားသဖြင့် ဟဲကျင့် မျက်နှာတစ်ခုလုံးနီရဲနေတာကို သူတွေ့ရပါပြီနော်။အိမ်ဆောက်ပြီးသည့် နောက်မှာ လင်မယားနှစ်ယောက်အိပ်ခန်းထဲသို့ ပထမဆုံးအကြိမ် ဝင်လာခြင်းလည်းဖြစ်သည်။ စေ့စေ့စပ်စပ်ကြည့်လိုက်တော့ အိပ်ခန်းတစ်ခုလုံးကို တရုတ်ရိုးရာပုံစံဖြင့် အလှဆင်ထားသည်ကို သိလိုက်ရသည်။ ဖီးနစ်ရုပ်ပုံနဲ့ သစ်သားကုတင်တစ်လုံး၊အနီရောင်တောက်တောက်စောင်တစ်ထည်နှင့် အနီရောင် စားပွဲခင်းခင်းထားသည့် စားပွဲတစ်လုံး ။စားပွဲပေါ်တွင်တော့ ဇီးသီး‌ခြောက်၊မြေပဲနဲ့ ကြာစေ့များရှိနေလေသည်။တစ်ခန်းလုံး မှောင်မဲပြီးနီဆွေးနေကာ စားပွဲပေါ်ရှိ အနီရောင် ဖယောင်းတိုင်နှစ်တိုင်မှ အလင်းရောင်သည်သာ တစ်ခုတည်းသော အလင်းရောင်ဖြစ်သည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now