ပြောရလျှင် ကျန်းကျိရင်ကိုယ်တိုင်လည်း ယင်ညန်က ဒေါက်တာဝိုင်၏ ပုံရိပ်ကို ဆက်ထိန်းထားရန် အလွန်အမင်း ခက်ခဲလာနိုင်ကြောင်း ခံစားမိ​နေသည်။ မည်သို့ပင်ဆိုစေ အစစ်အမှန်လောကတွင် ဂိမ်းထဲမှ ကာရိုက်တာနှင့် ထိုမျှအထိ တူသောလူမျိုးက မရှိခဲ့ဖူးသေးချေ။ သူကိုယ်တိုင်ကလည်း ရှန်းစစ်၏ ရုပ်ရည်က ကြည့်ကောင်းကြောင်း ထည့်ပြောခဲ့မိသည့်တိုင်အောင် ယင်ညန်က အခိုင်အမာ ငြင်းဆန်နေခဲ့သေးသည်။

ယင်ညန်ကလည်း ကျန်းကျိရင်က သူ၏လက်ရှိရုပ်ရည်ကို သဘောအကျဆုံး​ ဖြစ်ကြောင်း နားလည်သည်။ ထို့ကြောင့် တစ်ဘက်သူ၏ ရှေ့တွေ ထိုလူအကြိုက်ဆုံးပုံစံဖြင့်သာ နေပေးရပေလိမ့်မည်။ သူကိုယ်တိုင်ကလည်း ဒေါက်တာဝိုင်နောက်ခံနှင့်ရုပ်ရည်ကို ပိုင်ဆိုင်ထားသေးသည်။ ထို့အပြင် သူ့အနေနှင့် ပြောင်းလဲလိုက်လျှင်လည်း နေသားကျလိမ့်မည်မဟုတ်ချေ။ သူက အခြားတစ်ယောက်၏ အရေခွံကိုခြုံပြီး ချစ်သူနှင့် ဒိတ်နေရသလို ခံစားနေရပေလိမ့်မည်။ ကျန်းကျိရင်က မငြင်းဆန်နိုင်တော့သဖြင့် သူသူဌေးယင်၏ စကားကိုသာ နားထောင်ခဲ့ရသည်။

တာ့ကျားက အိမ်ကို လျှောက်ပတ်ကြည့်ပြီးနောက် သက်ပြင်းချသည်။

"ကျိရင် မင်းရဲ့အိမ်က ပရိဘောဂတွေ ပိုစုံတာပဲ၊ တဖြည်းဖြည်းနဲ့ အိမ်နဲ့ပိုတူလာတယ်"

ကျန်းကျိရင်ကလည်းပြောသည်။

"အင်း"

သူ၏လခက သူ၏ဘဏ်ကတ်ကို တာဝန်ယူသောသူဖြစ်သည့် အရှင်သခင်သူ​​ဌေးကိုသာ အပ်ထားရလေသည်။ ယင်ညန်က ဖရုံသီး ဖျော်ရည်ကို သောက်ချင်သဖြင့် ဖျော်စက်ကို ဝယ်လာခဲ့​သေးပြီး ကျန်းကျိရင်ကို သူ့အတွက် ကြိတ်​ချေ​ကာ ဖျော်ခိုင်းသည်။

ထိုအခြေအနေကို ဥပမာယူကြည့်ရမည်ဆိုလျှင် သူတို့အိမ်အသစ်တွင် ပစ္စည်းမည်မျှ များကြောင်း သိနိုင်သည်။

ကျန်းကျိရင်က သက်ပြင်းသာ ချနိုင်သည်။ ယင်ညန်ကဲ့သို့ လှပလွန်းသောမျိုးစိတ်က အတော်လေး အကောင်းစားပစ္စည်းများသာကြိုက်သည်။ သူက ဇိမ်ခံပစ္စည်းအမျိုးအစား ဖြစ်သည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now