အခန်း - ၁

137 1 0
                                    

အခန်းမျက်နှာကျက်ပေါ်တွင်ချိတ်ဆွဲထားသောမီးလုံးကလေးမှာမှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည်။ထိုမီးလုံးအောက်တည့်တည့်ရှိကုတင်လေးပေါ်တွင်လှဲကာယွန်းတစ်ယောက်စိတ်ကူးတွေအဘက်ဘက်သို့ပျံ့လွင့်နေမိသည်။

တစ်ကယ်တော့ယွန်းသည်သာမန်ယောကျာ်းလေးများလိုတောင့်တင်းကြံ့ခိုင်သောခန္ဓာကိုယ်လည်းမရှိ၊ကြီးထွားဖွံဖြိုးသောကြွက်သားများလည်းမရှိ။သို့သော်သူ့တွင်မိန်းကလေးလိုသွယ်လျားလှပသောလက်ချောင်းကလေးများ၊နူးညံ့သိမ်မွေ့သောအသားအရေများ၊မိန်းကလေးများလိုနွှဲ့နှောင်းသောကိုယ်ခန္ဓာအချိုးအစားသာလျှင်ရှိသည်။သို့ရာတွင်မိန်းကလေးတစ်ယောက်ကားမဟုတ်ခဲ့။

သူသည်အိမ်၌သာအမြဲလိုလိုနေလေ့ရှိပြီးအိမ်မှုကိစ္စရပ်များတွင်အမေ့ကိုဝိုင်းကူလေ့ရှိသည်။ထမင်းဟင်းချက်ရာတွင်လည်းအမေ့ဘေးမှနေကာအမေလိုအပ်သည်များကိုကူညီလုပ်ကိုင်ပေးသည်။အမေနေမကောင်းဖြစ်သောအခါမျိုးတွင်လည်းသူကပင်ဒိုင်ခံချက်ပြုတ်ရတတ်သည်။အိမ်၏သန်ရှင်းရေး၊လျှော်ရေးဖွတ်ရေးတို့ကိုပင်သူပဲလုပ်ရသည်။ထိုအရာများလုပ်ကိုင်ရသည်ကိုပျင်းရိသည်မရှိ၊ငြီးငွေ့သည်မရှိ။ပျော်ပင်ပျော်လိုက်သေးသည်။အိမ်မှုကိစ္စရပ်များသည်ယွန်းကိုပျော်ရွှင်စေသည်။ကြည်နူးပီတိကိုဖြစ်စေသည်။​အမေ့ကိုကူညီရာရောက်သဖြင့်လည်းကုသိုလ်တောင်ရသေးသည်။

ယွန်း၏နူးညံ့သောပုံစံကြောင့်ရွယ်တူယောက်ျားလေးများကသိပ်ပြီးအဖက်မလုပ်ချင်ကြပေ။ပေါင်းသင်းဆက်ဆံခြင်းမလုပ်ချင်ကြပေ။ခပ်ဝေးဝေးခပ်ခွာခွာမှသာနေကြသည်။ယောက်ျားလေးများရှေ့ဖြတ်လျှောက်သည့်အခါများတွင်လည်းရိသဲ့သဲ့စနောက်ခြင်းများကိုခံရတတ်သည်။ထိုသို့ခံရသောအခါမျိုးတွင်အိမ်သို့သာအပြေးလေးပြန်လာပြီးအမေ့ရင်ခွဲထဲတွင်ချုံးပွဲချငိုပွဲဆင်ခဲ့ရသည်ချည်း။အမေကသူ့သားလေးယခုလိုအစခံရသောအခါအားပေးနှစ်သိမ့်ရုံသာတတ်နိုင်သည်။စိတ်တော့မကောင်းရှာ။သို့သော်ဘာတတ်နိုင်မည်နည်း။ပတ်ဝန်းကျင်အသိုင်းအဝိုင်းကသူ့သားကိုလူနွှဲ့လူခြောက်ဟုဝိုင်းဝန်းပြစ်တင်ပြောဆိုနေကြသည်မဟုတ်လား။

ကံတရား၏စီမံရာ Where stories live. Discover now