068: အချိန်မရှိသေးဘူး

Start from the beginning
                                    

ဟဲကျင့် သည် "ဆွဲဆောင်မူ" ဟူသော စကားလုံးကို ဘာလို့ရုတ်တရက်တွေးမိလိုက်လဲမသိ။သူက မလုံမလဲဖြစ်ကာ သူ့မျက်လုံးတွေကို အကြည့်လွှဲလိုက် တော့သည်

သူ့နှလုံးခုန်သံက ရူးသွပ်သွားပြန်ပြီလေ

နှစ်ယောက်သား တိတ်တဆိတ်သာထိုင်နေကြသည်။ ချင်ယွီသည်လည်း စကားမပြောခဲ့ဘဲ အနည်းငယ် မျက်မှောင်ကြုတ်ထားကာ အတွေးနွံနစ်နေပုံရလေသည်။

ယခုတော့ သူ ငြိမ်သက်သွားသောအခါ ချင်ယွီသည် ဂိမ်းတွင် အားကျင့်က ဘာကြောင့်   ထိုစကားများကို ပြောသည်ကို နားလည်နိုင်ခဲ့သည်။ ဟဲကျင့်က အမှန်တကယ် ပင် အဖြောင့်တစ်ယောက်ဖြစ်နေပါက သေချာတာပေါ့ သူအနေနဲ့ တစ်ခြားယောက်ျားလေးတစ်ယောက်ရဲ့ ထိကပါးရိကပါးလုပ်တာကို မခံနိုင်တာကပုံမှန်ပါပဲ...

ဒါပေမယ့် သူဘာမှမလုပ်ရသေးပဲ လက်မလျှော့နိုင်ပေ။ သူဆေးရုံမှာ ထိုသူရဲ့ပုံစံအမှန်ကိုသိလိုက်ရကထဲက သူ့ခေါင်းထဲမှာ ဒီလူပဲ ချင်ယွီ ဒီလူကို လက်မလွှတ်နဲ့ ဆိုသည့် အသံကိုပဲကြားနေခဲ့တာပင်။

သူက သူကို ချောချောမွေ့မွေ့  ချဉ်းကပ်နိုင်ခဲ့ပြီး သူနဲ့လဲရင်းနှီးလာကာ သူ့ကိုလဲယုံကြည်အားကိုးနေပြီဖြစ်သည်။ အခုထိအကုန်လုံးက တဆင့်ပြီးတဆင့် ဖန်တီးခဲ့ရတာပင်။ ချင်ယွီကအရာအားလုံးက သူ့ထိန်းချုပ်မူအောက်မှာရှိတယ်လို့ ထင်ခဲ့တာဖြစ်ပြီး တခါတရံဆို ဟဲကျင့်ကသူ့ကိုကြိုက်နေတယ်လို့တောင် ခံစားရလေသည်။ ဒါပေမယ့်လည်း ဟဲကျင့်က ဒီလိုမျိုးလုပ်လာမယ်လို့ မထင်ခဲ့မိဘူး

ချင်ယွီသည် သူ့လက်ထဲက ဗူးခွံအလွတ်ကို ပိန်လိမ် နေအောင်ညှစ်ပစ်လိုက်ကာ သူရဲ့မျက်နှာမှာလည်း ဘာအမူအရာမှမရှိနေခဲ့ပေ။

စိတ်လွင့်နေသောဟဲကျင့်သည်လည်း လက်ရှိတွင် မီး ကို တွေးနေမိသည်။ သူ့ကို မနမ်းခင်က မီးပြောတဲ့စကားတွေက သူ့စိတ်ထဲ ပျံ့လွင့်သွားခဲ့တယ်– "မင်း အဲဒါကို စဉ်းစားတောင် မစဉ်းစားနဲ့"

ဒီစာကြောင်းလေးတစ်ကြောင်းက ထိုယောက်ျားကို ဆင်ခြင်တုံတရားမဲ့တဲ့ ကလေးတစ်ယောက်လို ဖြစ်စေခဲ့တယ် ဟဲကျင့် ကူရာမဲ့စွာဖြင့် ခေါင်းကိုက် သလိုတောင်ခံစားနေရပါပြီနော်... အခု သူစဉ်းစားလိုက်တော့ မီးက သူ အွန်လိုင်းပေါ်က ဆင်းသွားတာနဲ့ ME ကနေစာချက်ချင်းပို့ခဲ့တာဆိုတော့ မီး
လည်း သူနောက်ကလိုက်ပြီး အွန်လိုင်းပေါ်ကဆင်းတာဖြစ်လောက်တယ်....

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now