အပိုင်း(၃၄)

Start from the beginning
                                    

"အမတို့များနော် ဘယ်တက္ကသိုလ်ကျောင်းတော်သားကိုကြင်နာမိနေပါလိမ့် မဆိုစဖူး သီချင်းတွေဘာတွေဆိုလို့ပါလား"
(ထိပ်ထားဗိုလ်)

"မဟုတ်ရပါဘူးထိပ်ထားရယ် အမကဒီတိုင်းဆိုမိသွားတာပါ"
(နှင်းမေ)

"မသိပါဘူးအမရယ် အမပုံကပျော်စရာရှိသည့်ပုံနဲ့ ဘာတွေများကြိတ်ပျော်နေလဲလို့မျှပါအုံးလား"
(ထိပ်ထားဗိုလ်)

"မရှိပါဘူးထိပ်ထားရယ် ဟိုဟာ ဟိုဟာလေ အဲ လစာ ဟုတ်တယ် လကုန်ပြီဆိုတော့လစာထုတ်ရတော့မယ်လေအဲ့တာကြောင့်ပါ"
(နှင်းမေ)

"မရိုးဘူးမရိုးဘူးဒီအပျိုကြီးတစ်ခုခုတော့တစ်ခုခုပဲထိပ်ထားရေ တို့တွေကိုသူတော့သစ္စာဖောက်တော့မယ်ထင်ပါ့"
စာသင်ကြားပြီး၍မြန်မာစာပုံလိပ်လေးကိုင်ကာနားနေခန်းထဲဝင်လာသော ဒေါ်ရည်မွန်ခမှ ဒေါ်ထိပ်ထားဗိုလ်အားကြည့်ကာဆိုလေသည်။

"ဟာအမရည်မွန်ကလဲ မဟုတ်တာ အပျိုကြီးလုပ်နေရတာဒီလောက်အေးချမ်းတာကိုအပူမရှာပါဘူးနော်"
(နှင်းမေ)

"ဟုတ်ပါပြီနှင်းမေရယ်ပြောတော့လဲယုံပေးရတာပေါ့လေ နောက်တော့မှတို့တွေကိုဖိတ်စာလေးဝိုင်းဝေပေးပါအုံးအမတို့ရေမလုပ်နဲ့နော်"
(ရည်မွန်ခ)

"ဟာအမတို့ကလဲညီမပဲစနေတာပဲ တော်ပြီ အတန်းသွားဝင်တော့မယ်"
(နှင်းမေ)

နှင်းမေလဲရှက်ရှက်ဖြင့် ပစ္စည်းတွေသိမ်းကာနားနေခန်းထဲမှထွက်လာသည်။

*ရှက်လို့သာထွက်လာရတာငါဘယ်အခန်းဝင်ရမှာပါလိမ့်*

ဖုန်းထဲတွင်ရိုက်ထားသောTime tableကိုကြည့်မိတော့ တစ်ပတ်မှာနှစ်ကြိမ်သာပါသော ကို့အခန်းပင်။

အိတ်အနီလေးကိုပုခုံးတစ်ခြမ်းလွယ်ကာ လက်ထဲမှာ စာအုပ်လေးတစ်ချို့ပိုက်ကာ တဖြည်းဖြည်းအခန်းရှိရာလျှောက်လာခဲ့သည်။

နေမျိုးကျက်သရေမှာတော့ မရိုးနိုင်အီလည်နေပြီဖြစ်သောဇီဝဗေဒ တရားအားနာလျှက်ပင်။

*အချိန်ကုန်နေပြီကိုကွာဆရာမကလဲမထွက်တော့ဘူး*

နှင်းမေအခန်းထဲကဆရာမမထွက်သေး၍ အခန်းထောင့်မှနေကာကို့အား ပြုံး၍ကြည့်နေမိ‌သည်။ဆရာမစာရှင်းချိန်သမ်းလိုက်ငိုက်လိုက်နဲ့ မေ့ကလေးမှာပထမချိန်ထဲကအတော်ပင်စာ၌ပျော်ဝင်နေပြီထင်သည်။

Appreciate the flower you wearWhere stories live. Discover now