အဲဒီနေရာက ဘယ်လိုစိတ်နဲ့လှည့်ထွက်ခဲ့မှန်းတောင်မသိတော့ဘူး။
မပြတ်သေးရင် ဘာဒါ့ကို ကျောင်းထုတ်ပစ်မယ်လို့ပါ ပြောထားသေးတာတဲ့။
ဒါကြောင့် သူနဲ့ဝါသနာနဲ့ဆိုရင်ရောလို့ မေးခဲ့ဖူးတာကိုး။
သူကတော့ အဲဒါတွေမသိပဲ မပြတ်သားတဲ့အဖြေကို ပေးခဲ့တာ..
တကယ်ဆို အရာရာနဲ့ယှဥ်တိုင်း ပတ်ချယ်ယောင်းကိုပဲ ရွေးချယ်မှာ။

ဘာဒါ ကျောင်းလည်းမသွားနိုင်ပဲ အမေတို့အိမ်ကိုတန်းသွားလိုက်တယ်။

အိမ်ထဲဝင်တာနဲ့

''အိုမား အိုမား''

''ဘာလို့အော်နေတာလဲ
ဝင်ခဲ့ အခန်းထဲ''

''အိုမားပြောလိုက်တာလား..
အဖေ့လက်ချက်မလား''

''ဘာလဲ ဘာကိုလဲ''

''မမကို အလုပ်ထုတ်လိုက်တာလေ
အမေတို့လုပ်တာမလား''

ပြောရင်း စိတ်လည်းဆိုး ဝမ်းလည်းနည်းလာတာကြောင့် အသံတွေက တုန်နေပြီ။

''အဲ့တော့..??''

''အဲ့တော့?? အဲ့တော့တဲ့လား
အမေတို့ သူများသားသမီးအနာဂတ်ကို ဖျက်ဆီးပြီး အဲ့တော့လို့ပြောတာလား''

''သူများသားသမီးက ငါတို့သားသမီးအနာဂတ်ကိုဖျက်ဆီးနေလို့လေ''

ရုတ်တရက်အခန်းထဲ အဖေဝင်လာပြီးအော်တယ်။
အဖေအလုပ်မသွားသေးဘူးပေါ့။

''ဘယ်သူက ဘယ်သူ့ကိုဖျက်ဆီးလိုက်တာလဲ အဖေတို့သိလို့လား
သူ့ဟာသူနေတာကို အတင်းရအောင်လိုက်ပြီး
အတူနေပြီး အလုပ်ပါပြုတ်ပြီး အားလုံးဆီက ထွက်သွားရအောင်လုပ်လိုက်တာ
အဖေတို့သားသမီးက သူများသားသမီးကိုဖျက်ဆီးလိုက်တာနဲ့ အတူတူပဲဆိုတာ အဖေသိလား''

''ဖြန်းးးးး'''

''တိတ်စမ်း အီဘာဒါ
ဒီလိုအကျင့်စရိုက်တွေကို မကြိုက်ဘူး
အပြင်မှာပေးနေတယ်ဆိုတိုင်း
မိဘအထိန်းအကွပ်မဲ့အောင်လွှတ်ထားတာမျိုးမဟုတ်ဘူး''

ပါးကိုရိုက်ချလိုက်တဲ့ အဖေ့လက်ထက်
အဖေ့အတွေးတွေ အဖေ့ဆုံးဖြတ်ချက်တွေကို မုန်းတယ်။

''အခုပဲကြည့်
မင်းဂျပန်လိုက်သွားလား
ပြောတော့ ဝါသနာပါလို့သေတော့မယ့်အတိုင်းပြောလို့ တက်ခိုင်းထားတဲ့ကျောင်းကို
ဘာမဟုတ်တဲ့ကိစ္စနဲ့ ပေါ့တန်တန်လုပ်နေတာ
သူ့အိမ်မှာခေါ်နေတာလည်း ငါသိတယ်
ငါ့သားသမီးကိုခေါ်ပြီးဖျက်ဆီးနေတာ
တောက်စ်''

မင်းနဲ့တွေ့ပြီးတဲ့နောက်Where stories live. Discover now