''ပိုင်ရှင်ရှိတာလူသိအောင်ပေါ့
ငတုံးလေးရဲ့''

''ဟားဟား အင်းပါ
အတူကျ မလိုက်ချင်ဘူး ဥစ္စာကတော့ခြောက်တယ်''

''တို့လည်းဝတ်ထားမှာ''

''အင်း ဝတ်ထားရမှာပေါ့
ဆိုင်လာတဲ့လူတွေထဲ ကောင်လေးတွေပါရင် လက်စွပ်ကိုပြထား ကြားလား''

''အင်းပါ
မင်းလည်း ကျောင်းကကောင်မလေးတွေကို ပြထား..
ရေချိုးရင်တောင်မချွတ်နဲ့''

''ရေချိုးရင် ဘယ်သူရှိမှာမို့လို့လဲ''

''ပျောက်သွားရင်ဘယ်လိုလုပ်မလဲ''

''ပျောက်သွားရင် ပြန်ဝယ်ကြတာပေါ့''

''မပျောက်ရဘူးနော်
မနက်ဖြန် ဘယ်အချိန်ပြန်မှာ''

''နေ့လည်မှ''

''အင်းး တို့ကိုနမ်း''

''ဟော ပြန်ခါနီးမှ ချွဲနေပြန်ပြီ
တွဲခဲ့တဲ့ရက်တွေအတွင်း ဒါပထမဆုံးပြောတာနော် သတိထားမိလား''

''အဲလိုဖြစ်သွားလား''

နဖူးကိုငုံ့နမ်းလိုက်တော့
မျက်လုံးလေးက မှိတ်ကျသွားတယ်။
မျက်ခွံလေးတွေပါ နှုတ်ခမ်းနဲ့ထိကပ်နမ်းရင်း
ပါးပြင်ကို နှာခေါင်းနဲ့ပွတ်ဆွဲကာ
နားရွက်ဖျားလေးကို ကိုက်လိုက်မိတယ်။
အသဲယားလိုက်တာ..ပတ်ချယ်ယောင်းရေ..။
တို့ကိုနမ်းတဲ့လား..။
မေးဖျားလေးကိုပါ နမ်းပြီး လည်တိုင်ဆီငုံ့ချလိုက်တော့
ဘာဒါ့မျက်နှာကို မမက ဆွဲယူပြီး နှုတ်ခမ်းတွေကို နမ်းတယ်..

ပြန်မနမ်းပဲ ငြိမ်ခံနေတာတောင်
ဘာမှမပြောပဲ ဆက်နမ်းနေပြီး
ဘာဒါ့နှုတ်ခမ်းတွေကို အကြာကြီးနမ်းနေခဲ့တယ်။
မမလည်း လွမ်းနေတာပဲဆိုတဲ့အသိနဲ့
လူက တော်တော်ကြည်နူးသွားတယ်။
မျက်နှာလေးကို လက်ဖဝါးနဲ့ထဲထည့်ကိုင်ပြီး
အပေါ်နှုတ်ခမ်းလေးကို ပြန်နမ်းလိုက်တော့
မမက ဘာဒါ့အောက်နှုတ်ခမ်းကို ပြန်နမ်းတယ်။
အသာအယာပဲဆွဲစုပ်နေကြရင်းပဲ ကိုယ်ချင်းလည်း ပိုပူးကပ်သထက် ကပ်အောင် တစ်ယောက်နဲ့တစ်ယောက်ဆွဲယူရင်းမှ
မမနဖူးလေးကို နမ်းလိုက်တယ်။
ပတ်ချယ်ယောင်းက သူ့အကြိုက်ဆုံး ဘာဒါ့လည်တိုင်မှာ မျက်နှာအပ်ပြီး

မင်းနဲ့တွေ့ပြီးတဲ့နောက်Where stories live. Discover now