066: ကလဲ့စားချေခြင်းနှင့် အာဃာတဖယ်ရှားခြင်း

Mulai dari awal
                                    

မီးက ချီထန်ကို အစချီကာမေးလာခဲ့သည်။

"ဒီ ကျောက်ပြာကို မင်း ငါ့ကို ပေးနိုင်မလား?"

ဟုန်တုန်ယွမ် သည် ဤDungeon တွင် ပြေးလွှာနေစဉ် များစွာသော ကျေးဇူးများ ရရှိခဲ့သည်။ လက်ရှိအချိန်မှာတော့ သူက World ချန်နယ်မှာ ပေါ်လာတာကြောင့် သူ့ရဲ့သူငယ်ချင်းစာရင်းဟာ Noti တွေ အဆက်မပြတ်တတ်နေတော့သည်။သူက ကြီးမြတ်တဲ့ နတ်ဘုရားကို ကျေးဇူးတင်မဆုံးပဲလေ... ဒါကြောင့် ကြီးမြတ်တဲ့ နတ်ဘုရားရဲ့ တောင်းဆိုချက်ကို ဘာလို့ငြင်းရမှာလဲနော်

ကြီးမြတ်တဲ့ စင်ဂယ်လေး:"ရတာပေါ့ ကြီးမြတ်တဲ့ နတ်ဘုရား မင်းလိုချင်တာမှန်သမျှ ယူလို့ရတယ် ငါ့ကိုတောင်းစရာမလိုဘူး!"

မီးသည် ကျောက်ပြာကို သူ့သိုလှောင်အိတ်ထဲသို့ သိမ်းဆည်းပြီးနောက် လွင့်မျောတိမ်တိုက်က မေးလာသည်။

"ဒီဂိမ်းမှာ ကျောက်ပြာအသုံးပြုပုံကို လေ့လာပြီးပြီလား?"

ကျောက်ပြာ သည် ဟိုလိုဂရပ်ဖစ် ဗားရှင်း ထုတ်ဝေပြီးနောက်ထွက်လာသောပစ္စည်းအသစ်ဖြစ်သည်။ သူမှတ်မိသလောက်ဆို Demonic Dungeon မှာတုန်းကလည်း ဒီလိုဟာတစ်ခုရခဲ့ပြီး မီးပဲယူခဲ့တာ ဒါပေမယ့်လည်း ကျောက်တုံး၏ ဂုဏ်သတ္တိများသည် လျှို့ဝှက်ဆန်းကြယ်သည်ဟု ဆိုကြပြီး ထိုအချိန်တုန်းကသူတို့က အဲ့ဒါက ဘယ်လိုအသုံးဝင်လည်းဆိုတာ မလေ့လာရသေးဘူးလေ

မီး ဆိုလာသည်မှာ တော့ "အမ်း အချိန်တန်ရင် အားကျင့်ရဲ့ ခြေသည်းတွေသွေးဖို့ ခြေသည်းသွေးကျောက် အဖြစ်သုံးမလို့"

ဟဲကျင့်: "..."

အဖွဲ့:"..." ချန်နယ်မှာတောင် ဖော်ပြတဲ့ရှားပါး ပစ္စည်း ကို ဖာရက်လေးရဲ့ ခြေသည်းတွေအတွက် ခြေသည်းသွေးကျောက်အဖြစ်ပဲ အသုံးပြုမယ်ပေါ့?ဟဲလို ကြီးမြတ်တဲ့နတ်ဘုရား မင်းနေမကောင်းဘူးလား!

လွင့်မျောတိမ်တိုက်: "အင်း အဲဒါက ငါတို့အတွက် အသုံးမဝင်ဘူးထင်ရတာပဲ နောက်တခါရခဲ့ရင် မင်းအတွက်သိမ်းပေးထားမယ်လေ"

မီး က သူ့ကို ကျေးဇူးတင်လိုက်ပြီးနောက်တွင်တော့ ချီထန်က မေးလာတော့သည်

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Tempat cerita menjadi hidup. Temukan sekarang