063:ဆံပင်အဖြူရောင်နဲ့အမျိုးသမီး

Почніть із самого початку
                                    

သို့သော် ရှူကျီးကျာ့လန် သည် ဘယ်လောက်တောင် စိတ်လှုပ်ရှားနေလဲဆိုရင်သူ့မျက်နှာပေါ်တွင် "ကိုးကွယ်ခြင်း" ဟူသော ပေါ်လွင်ထင်ရှားသော အမူအရာကို မြင်လိုက်ရသဖြင့်ဟဲကျင့် သည် အမှန်အတိုင်း ပြောပြရန် မတတ်နိုင်တော့ပေ။ တဖက်သူက အသိအမှတ်ပြုမှုကို စောင့်နေတာ သိသာထင်ရှားတဲ့အတွက် ဟဲကျင့်က အလိုက်အထိုက်လေးသာ ပြန် ဖြေပေးလိုက်တော့သည်။

"ဝိုး အံ့သြစရာပဲ!"

အမ်း ဒါက ကလေးတွေရဲ့ ခံစားချက်တွေကို ကစားနေသလို ခံစားရတယ် (=w=)

ရှူကျီးကျာ့လန်: "ဟီးဟီး အိမ်မွေးခံရတာ အရမ်းမိုက်တယ်။ ကျွန်တော်ရဲ့ သခင်က ကျွန်တော်ကို ပစ္စည်းတွေ အများကြီး ပေးရုံတင်မကဘူး အဆင့်မြှင့်ဖို့လည်း ခေါ်သွားပေးသေးတယ်လေ။အခုဆို ကျွန်တော်က အဆင့် ငါး ဝိညာဉ်အိမ်မွေး တိရစ္ဆာန် ဖြစ်နေပြီ! နောက်တစ်ခါ ကျ ခင်များ နဲ့ကစားဖို့ကျွန်တော့်သခင်ကို ခေါ်လိုက်မယ်!"

နှစ်ရက်အတွင်း အဆင့်ငါး ? ပထမအဆင့်အနည်းငယ်က တက်ရန်လွယ်ကူပေမယ့် ဒီအဆင့်တက်နှုန်းက တကယ်ကြီးကို မြန်နေတာပဲဟ!

ရှူကျီးကျာ့လန်: "ဒါပေမယ့်ကျွန်တော့်သခင်က အဝေးမှာရှိနေရင် ပုံစံကို မပြောင်းနိုင်တော့ဘူး အဲ့ဒါက နည်းနည်းတော့ ဒုက္ခရောက်တယ်။"

အမှန်မှာတော့ ဟဲကျင့် က အဲ့ဒါကို ဝိညာဉ် အိမ်မွေးတိရစ္ဆာန် role ရဲ့ bug လို့ပဲအမြဲခံစားခဲ့ရတာ

သခင်တွေမရှိလျှင် ဝိညာဉ်အိမ်မွေးတိရစ္ဆာန်များသည် တိုက်ခိုက်နိုင်စွမ်းမရှိတော့ပဲ ဈေးဝယ်ထွက်ခြင်းနှင့် ရှုခင်းကိုကြည့်ရုံကလွဲ၍ ဘာမှမတတ်နိုင်နေဘူးလေ

အားကျင့်:"အခု သူမရှိဘူးလား?"

ရှူကျီးကျာ့လန်: "သူဒီနေ့ အလုပ်ရှိတယ်တဲ့ ညနေလောက်မှပဲ လာလို့ရတယ်လို့ ပြောတာပဲ ပျင်းနေတာနဲ့ ခင်များကို အွန်လိုင်းမှာတွေ့တော့ အတူတူကစားချင်လို့ ခင်များကမကစားချင်ဘူးလားဟင်?"

အားကျင့်: "ငါ အခု အကြင်လင်မယား မစ်ရှင် လုပ်နေတာ..."

ရှူကျီးကျာ့လန်: "ဟမ် ခင်များကလက်ထပ်ပြီးပြီပေါ့!"

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now