ရွှီဆွေမှာ ခဏခဏကြည့်မိလေ စားချင်လာလေဖြစ်ပြီး သစ်သီးဆိုင်ရှေ့၌ ကျောင်းစုံတွဲများရပ်နေကြသလို တစ်ချို့မှာ လမ်းဘေး၌ရပ်ရင်း ကြည်ကြည်နူးနူးခွံ့ကျွေးနေကြသေးသည်။
ထားလိုက်ပါတော့လေ..ရှက်စရာကောင်းနေတော့မှာ..သူမက ဒီအတိုင်း စတော်ဘယ်ရီစားချင်ရုံသက်သက်..
ကားဟွန်းသံတစ်ချက်မြည်သွားပြီးနောက်၌ ကျိုးကျင်းဇယ်က ရွှီဆွေကိုခေါ်၍ လမ်းကူးလိုက်ပြီး ကျောင်းဂိတ်ပေါက်ဝဆီသို့ လျှောက်လာခဲ့သည်။ ညခင်းဘက်၌ဖြစ်စေ ဘတ်စကတ်ဘောကွင်းထဲ၌ ကစားနေကြသည့်ယောက်ျားလေးတစ်ချို့ရှိနေဆဲပင်။
"ကျစ်..စီးကရက်သောက်ချင်လာပြီ"
ကျိုးကျင်းဇယ်က လည်ချောင်းတစ်ချက်ရှင်းလိုက်၍
"ကိုယ် စီးကရက်တစ်ဘူးသွားဝယ်လိုက်ဦးမယ်..ဒီနေရာမှာစောင့်နေ"
ရွှီဆွေက ခေါင်းငြိမ့်ပြလိုက်၏။
"အင်း"
ဆယ်မိနစ်ထက်မက ရွှီဆွေ ရပ်စောင့်နေခဲ့ပြီး ဘတ်စကတ်ဘောကွင်းထဲ၌ မီးလုံးတစ်လုံးသာ ထွန်းထားတော့သည့်အချိန် ၊ ပတ်ပတ်လည်မှ စကားသံတစ်ချို့နှင့်ရယ်သံတစ်ချို့ကို ခပ်သဲ့သဲ့သာကြားနေရပြီး မဝေးသောနေရာတစ်ခုဆီမှ လမ်းလျှောက်လာသည့်ကျိုးကျင်းဇယ်ကို မြင်လိုက်ရသည်။ သူ့နှုတ်ခမ်းထက်၌ စီးကရက်တစ်လိပ်ရှိနေပြီး လက်ထဲတွင် မည်သည့်အရာမှန်းမသဲကွဲသည့်ပစ္စည်းတစ်ခု။
ကျိုးကျင်းဇယ်က စတော်ဘယ်ရီဘူးကို ရွှီဆွေထံ လှမ်းပေးရင်း အေးအေးဆေးဆေးစကားဆိုသည်။
"လမ်းကြုံလို့ဝယ်လာခဲ့တာ..အသီးက ရေဆေးပြီးသား"
"ဝါး ကျေးဇူး"
ကျိုးကျင်းဇယ်သည် ရွှီဆွေအား မိန်းကလေးဆောင်သွားရာ လမ်းတစ်လျှောက်လုံးလိုက်ပို့ပေးနေရင်း ရွှီဆွေမှာ စတော်ဘယ်ရီဘူးကိုပိုက် ၊ စကားတပြောပြောနှင့်လမ်းလျှောက်လာခဲ့ရာ အဆောင်နားရောက်ခါနီးတွင်မှ မထင်မှတ်ထားလောက်အောင်ချိုသည့်စတော်ဘယ်ရီသီးများကို တစ်ယောက်တည်း ကုန်လုနီးနီးစားခဲ့မိကြောင်း သတိထားမိလိုက်၏။
YOU ARE READING
ဖွင့်ဟဝန်ခံခြင်း [ ဘာသာပြန် ]
Romance--ကောင်းကင်ပြင်ကြီး ခြားနားထားမှန်း သိနေတာတောင် ချစ်ခြင်းမေတ္တာတွေကို နေ့တိုင်း စာအိတ်လေးထဲ ထည့်ထားတုန်းပါပဲ--
Chapter 34
Start from the beginning