ယင်ညန်သည် အလွန်ပင် ပျော်ရွှင်နေပုံရလေသည်။ သူ၏ ပုံမှန်အားဖြင့် အေးစက်နေတတ်သော မျင်နှာပေါ်တွင်လည်း ကလေးတစ်ဦးကဲ့သို့ အပြုံးပန်းများနှင့် ဖုံးလွှမ်းနေလေသည်။ သူသည် ကျန်းကျိရင်၏ နဖူးလေးကို အနမ်းပေးလိုက်ကယ ညင်သာစွာ ပြောလိုက်လေသည်။ "ငါ့ကို စောင့်နေနော်..."

ကျန်းကျိရင်သည် ထိုစဉ်က ထိုစကားလုံးနှစ်လုံး၏ နောက်ကွယ်မှ ဆိုလိုရင်းကို သဘောမပေါက်ခဲ့ပေ။

သူသည် သူ့အနေဖြင့် နားမလည်နိုင်သော မေးခွန်းအချို့ကို မေးမြန်းလိုက်လေသည်။ "ယင်ညန်... မင်း ဘာဖြစ်လို့ ဒေါက်တာဝိုင်ဇာတ်ရုပ်အတိုင်း ဆက်ပြီး ဟန်ဆောင်နေရတာလဲ..."

"ပထမဦးဆုံးအနေနဲ့ ငါက ဒီနည်းလမ်းအတိုင်း လူသားတစ်ယောက်ရဲ့ ဖြစ်တည်မှုကို လေ့လာချင်ခဲ့တာ..."

ယင်ညန်သည် ဦးခေါင်းကို တစ်ဖက်သို့လှည့်လိုက်ကာ ကျန်းကျိရင်အား နွေးထွေးပြီး ကြည်လင်နေသော မျက်ဝန်းအစုံဖြင့် ကြည့်လိုက်လေသည်။

"နောက်ပိုင်းကျတော့ ငါက ဒီလောကကြီးကို ငါတို့နှစ်ယောက် အချိန်တိုင်း အတူရှိနေနိုင်မဲ့ နေရာတစ်ခုဖြစ်အောင် ဖန်တီးချင်လိုက်တာ။ အဲဒါကြောင့် ငါက ပိုင်မောင်အဖွဲ့အစည်းရဲ့ ဒေါက်တာရင်ကို မိတ်ဆက်လိုက်တာ။ မင်း ဒီလောကကြီးကို ဖျက်ဆီးပစ်လိုက်မယ်ဆိုရင် ငါက ဒေါင်တာဝိုင် ဖြစ်လိမ့်မယ်။ မင်းက မင်းအလိုရှိတဲ့ပုံစံအတိုင်း တည်ဆောက်ဖို့ ဒီလောကကြီးကို ဖျက်ဆီးပစ်လိုက်လို့ရတယ်။ မင်းက ဒီလောကကြီးကို ကယ်တင်ပြီး ပြန်လည်တည်ဆောင်ချင်တယ်ဆိုရင် ငါက အရာရာတိုင်းမှာ မင်းကို ကူညီပေမဲ့ ယင်ညန်ဖြစ်လိမ့်မယ်။ ငါက မင်းဖြစ်စေချင်တဲ့ ပုံစံအတိုင်း ဖြစ်နေမဲ့သူပဲ..."

ထိုကဲ့သို့ပြောနေရင်းဖြင့် ယင်ညန်သည် အလွန်ပင် တည်ငြိမ်နေလေသည်။ သူသည် ထိုအရာကို စိတ်အရှိအတိုင်း ဆော့ကစားနိုင်သော ဂိမ်းတစ်ခုအဖြစ် သတ်မှတ်ထားသကဲ့သို့ပင်။

ကျန်းကျိရင်သည် တံတွေးပင် မျိုချလိုက်လေသည်။ သူသည် တရားမျှတမှုနှင့် မကောင်းမှုများကို သာမန်ကာလျှံကာမျှသာ သဘောထားသော်လည်း သူသည် ကိုယ်ကျင့်တရားကိုလည်း တန်ဖိုးထားလေသည်။ သူ၏ ရည်မှန်းချက် ပန်းတိုင်ကိုလည်း ရိုးရှင်းစွာ ရှင်းလင်းပြလေသည်။ သူ၏ ရည်မှန်းချက် ပန်းတိုင်မှာ ထိုလောကကြီးကို ကျိရင် နှစ်သက်သော ပုံစံအဖြစ်တည်ဆောက်ကာ နောင်အနာဂတ်တွင် သူနှင့်အတူ ထာဝရ နေထိုင်ချင်စေရန် ဖြစ်လေသည်။ ထိုအရာသည်သာ အောင်မြင်သွားမည်ဆိုလျှင် အခြားအရာများသည် ကိစ္စမရှိပေ။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Donde viven las historias. Descúbrelo ahora