Arc 4🗡64🗡မောက်မာသော ထျန်မိသားစု

Začít od začátku
                                    

အဝေးကနေ လေ့လာကြည့်ရင်း အဘိုးကြီးနှစ်ယောက်ကို သတိထားမိပြီး လုရွှမ် အနည်းငယ် ထိတ်လန့်သွားသည်။ ဒီလူအိုနှစ်ယောက်၏ အစွမ်းအစကို သူမမြင်ရပေ။ ဆိုလိုသည်မှာ ဤလူနှစ်ယောက်က သူတော်စင်တစ်ပိုင်းများ ဖြစ်နိုင်ပေ၏။

အကြီးအကဲ၆ လုရွှမ်၏ ခန္ဓာကိုယ်ကို စူးစိုက်ကြည့်ကာ စိတ်ဝိညာဉ်စွမ်းအားကို တစ်ချက် အကဲခတ်ကြည့်လိုက်သည်။ ကြည့်ပြီးနောက် သူ့ရဲ့ထိတ်လန့်မှုကို မထိန်းနိုင်အောင် ဖြစ်သွားသည်။

လုရွှမ်ရဲ့ ခွန်အားက သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇ တွင်သာ ရှိနေကြောင်း ရှင်းရှင်းလင်းလင်း ခံစားနိုင်သော်လည်း သူ၏ ဝိညာဉ်စွမ်းအား၏ အတိုင်းအတာမှာ ၁၉ အထိ မြင့်မားနေပြီ။

သူသာ စိတ်ဝိညာဉ် စွမ်းအားကို ပြုစုပျိုးထောင်နေလျှင် ကောင်းပေလိမ့်မည်။ သို့သော် လုရွှမ်၏ တိုက်ခိုက်ရေး စွမ်းအားသည် အသွင်ပြောင်းခြင်းနယ်ပယ်တွင် မည်သူနှင့်မှ မယှဉ်သာကြောင်း ခံစားရနိုင်သည်။

၎င်းမှာ ကိုယ်ခံပညာနှင့် စိတ်ဝိညာဉ်စွမ်းအား နှစ်မျိုးလုံးကို လေ့ကျင့် မွေးမြူထားနိုင်ကြောင်း ခံစားနေရ၏။

ဤလူမျိုးကို စာတစ်ကြောင်းတည်းတွင် မှတ်သားရမည် ဆိုပါက ပါရမီရှင်များကြားက ပါရမီရှင်သာ ဖြစ်​လေသည်။

ထို့ထက်ပို၍ အံ့သြမိသည်မှာ သူ​တော်စင်တစ်ပိုင်း ဖြစ်လာရန် ရွေးချယ်ထားသော မတူကွဲပြားသော ကျင့်ကြံမှုလမ်းစဥ် ပုံစံများကြောင့် သူ၏ ဝိညာဉ်ရေးအာရုံသည် အလွန်ကွဲလွဲနေပြီး အန္တရာယ်အချို့ကို မကြာခဏ ခန့်မှန်းကြည့်နိုင်သည်။

ဤလူငယ်၏ ခန္ဓာကိုယ်တွင် သာမန် သူတော်စင် တစ်ပိုင်းများထက် မနည်းသော အန္တရာယ် အရိပ်အမြွက်ကိုပင် သူ ခံစားခဲ့ရသည်။

လူတစ်စု မြေပြင်ပေါ်သို့ ဆင်းသက်သောအခါ ထျန်ကျွင့်နမ်၏ မျက်လုံးများမှာလည်း အနည်းငယ် လန့်ဖျတ်သွားခဲ့သည်။ တတိယ အကြီးအကဲက ထားပါတော့။

သူက မိသားစုထဲမှာ တင်းကြပ်ဆုံးလူ ဖြစ်ပြီး လူတိုင်း ကြောက်ကြသော်လည်း အကြီးအကဲ၆ကတော့ အလွန်လျှို့ဝှက် ဆန်းကြယ်တာကို သူကိုယ်တိုင်တောင် ဒီကိုလာခဲ့တယ်ပေါ့။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Kde žijí příběhy. Začni objevovat