''ပင်ပန်းနေတုန်းလား''

''ဟင် အင်း''

''ဒီလောက်ညင်သာပေးထားတာကို''

သြော် စိတ်ညစ်လို့ လူက မလန်းတာကို
သူက သူ့ကြောင့်လို့ထင်နေပြန်ပြီ။

''အင်းပါ ဟုတ်ပါတယ်''

''မမ''

''အင်း''

''ချစ်လား''

''အင်း''

''ဘာ''

''ကျွီ.....''

ဘရိတ်ဆောင့်အုပ်လိုက်တာ
နောက်က ကားပါရင် ဝင်တိုက်လောက်ပြီ။

''ဟယ် ဘာဒါ''

ချယ်ယောင်းရင်ဘတ်ရှေ့ သူလက်တားပေးထားတာမို့ ဘာမှတော့မဖြစ်လိုက်ပါ။

''ချစ်တယ်ပေါ့
အင်းလို့ပြောလိုက်တာမလား''

''မချစ်ဘူးထင်လို့လား''

''အာ မမကလည်း
ချစ်တယ်မလား
ဟင်..
ပြန်ပြောဦး''

''အင်း''

''ဟာာ ဘာအင်းလဲ
အင်းလို့ပြောလို့ဘယ်လိုသိမှာလဲ''

''ခုနကလည်း အင်းလို့ပြောတာပဲလေ
မင်းသိသွားတယ်မလား''

''မမနော်
ချစ်တယ် မပြောရင်
ဖက်နမ်းမှာ''

''တို့ဗိုက်ဆာနေပြီ
ဘာမှမကျွေးတော့ဘူးလား''

''ချစ်တယ်ပြောမှ
အင်းလို့ပြောရင်တော့''

ပြောပြီး
ချယ်ယောင်းဘက်ကိုယိမ်းပြီး
မျက်နှာငုံ့ကျလာတယ်။

ချယ်ယောင်းတမင်ကို ချစ်တယ်လို့မပြောဖြစ်။
ဟုတ်တယ်..
သူနမ်းတာ ခံချင်လို့..

ဘာဒါ့နှုတ်ခမ်းတွေက ချယ်ယောင်းနှုတ်ခမ်းကို စနမ်းတယ်။
ချယ်ယောင်းဆံနွယ်တွေကြားလက်ထည့်လိုက်တာနဲ့
သူအားပါပါနဲ့နမ်းတော့မှာသိလိုက်တယ်။
သူ့အင်္ကျီရင်ဘတ်စကို ဆွဲဆုတ်လိုက်မိပြီး
သူ့နှုတ်ခမ်းတွေကို ပြန်နမ်းမိတယ်။
အမြဲတမ်း ရင်တွေခုန်အောင်လုပ်နိုင်တဲ့ သူ့နှုတ်ခမ်းတွေပါပဲ။
ချယ်ယောင်းပြန်စုပ်မိတော့
သူက အသဲယားသွားပုံရတယ်။
ချယ်ယောင်းနှုတ်ခမ်းကို လာကိုက်တယ်။
နာလို့
ညည်းလိုက်ချင်တာတောင်
ညည်းခွင့်မပြု။
အသက်ရှူသံတွေမြန်လာတဲ့ သူ့ကိုအသာတွန်းလိုက်ပြီး

မင်းနဲ့တွေ့ပြီးတဲ့နောက်Where stories live. Discover now