"မင်းကတော့လေ"

"စိတ်မပူနဲ့ သူတို့ကအဲ့လိုပဲ စိတ်ဆိုးစိတ်ကောက်လည်းခဏပဲ အကြာကြီးမနေနိုင်ကြဘူး ပြီးရင်မမြင်ချောင်းကြည့်နေကြတဲ့သူတွေ"

Jungkook တို့မင်္ဂလာပွဲလည်းနီးလာပြီမို့
Jin Hyung တို့အိမ်မှာအားလုံးစုပြီး ဝတ်စုံကိစ္စနဲ့လိုအပ်တာတွေ ပြင်ဆင်ဖို့အတွက် တိုင်ပင်နေကြခြင်းဖြစ်သည်။
လက်ထပ်ပွဲက မကြာခင်ရက်ပိုင်းအတွင်းကို
ကာယကံရှင်ဖြစ်တဲ့ သတို့သားတွေက ဆယ်ကျော်သက်မနူးမနပ်လေးတွေလို အချစ်စမ်း
စိတ်ကောက်နေကြတုန်းဖြစ်သည်။

.....................

ရွှတ်!!

Jimin ရုတ်တရက်အနမ်းခံလိုက်ရတာမို့ ကြောင်ပြီးကြည့်နေမိသည်။ဘာထဖြစ်တာလဲ ဒီမချိုမချဥ်ရုပ်နဲ့ လူဆိုးကောင်ကတော့!!

"ဟို...ဟိုဟာ Tae Hyung နမ်းခိုင်းလို့"

ပြောပြီး ဟီး ကနဲနေအောင်ရီချလိုက်သေးသည်။

"Jeon Jung Kook!!"

"ဗျာ!!"

"မထူးနဲ့ အဲ့လို"

"ဘာလို့လဲ ရင်ခုန်သွားလို့မလား"

"အပိုတွေပြောမနေဘဲ ဝေးဝေးကိုသွား"

"ဟင့်အင်း မသွားဘူး။"

"မသွားလည်းနေ ကျန်ခဲ့လိုက် ငါသွားမယ်။"

"မရဘူး လိုက်မှာပဲ။"

အမေအနားအရမ်းကပ်တတ်တဲ့ကလေးတွေရှိတဲ့ကလေးအမေကြီးလိုတောင် Jimin ကိုယ့်ကိုကိုယ်ခံစားလိုက်ရသည်။
ချစ်သူရထားတာလား ကလေးထိန်းနေရတာလားဆိုတာတောင် သိပ်မသဲကွဲချင်တော့။

"စိတ်ကောက်ပြေပေးပါတော့ကွာ...နော်"

"......"

"ကိုယ် လုပ်ခဲ့တဲ့အပြုအမူတွေထဲက တစ်ချို့ကမမှန်ဘူးဆိုတာကိုသိပေမဲ့"

"အဲ့ဒါဆို မင်းက တစ်ချို့ကိစ္စကမမှန်ဘူးဆိုတော့ ကျန်တဲ့တစ်ဝက်ကတော့ မှန်တယ်ပေါ့အဲ့လိုလား"

"အဲ့ဒါကတော့..."

စိုက်ကြည့်ပေးလိုက်မှ ပေးမဲ့ဆင်ခြေတွေပျောက်သွားပြီး ကျန်တဲ့စကားတွေထပ်ထွက်လာတာ
ဖြစ်သည်။

ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်Where stories live. Discover now