အရင်ကဆိုအလုပ်ပြီး အလုပ်ပဲ အလုပ်များနေတဲ့ သူငယ်ချင်းက သူတို့ဘေးအိမ်ကို မိသားစုတစ်ခုရောက်လာတဲ့အချိန်ကစလို့...ပြုံးပြုံးရယ်ရယ်ဖြစ်လာတာ။ ပတ်ဝန်းကျင်နဲ့အဆက်အသွယ်ဖြတ်ထားသလိုဖြစ်နေသူက   အဲ့ဒီအချိန်ကစပြီး သူစိမ်းတစ်ယောက်ကိုဂရုစိုက်ခဲ့တာ လွမ်းသတိထားမိသည်။အခုတော့ သွေးအေးကာ... မှင်သေသေဖြစ်နေတဲ့သူငယ်ချင်းကြောင့် လွမ်းလည်း
စိတ်မကောင်းဖြစ်ရ၏။

"အသိထဲက ခပ်ချောချောတစ်ယောက်နဲ့ မိတ်ဆက်ပေးအုံးမှပါ"

"ဒီမယ် .. "

"အမလေး !! "

သူ့အကြံနဲ့ဆိုအဆင်ပြေနေတဲ့လွမ်းရဲ့ နား;နားကပ်ပြီးခေါ်ခံလိုက်ရတဲ့အသံကြောင့်
လန့်ဖြတ်သွားရသည်။

"ဟမ် ရုံးခန်းထဲဘယ်လို... နေရေးကရော"

"မင်းရဲ့ရုံးခန်းက တံခါးပွင့်နေလို့ကိုယ်ဝင်လာတာ။ ဒါ ဦးစေရာနေရေးရဲ့ရုံးခန်းမလား"

"သြော် ခင်ဗျားလည်းမြန်မာပဲ။ဟုတ်တယ်
ဒါသူနဲ့ငါရဲ့ရုံးခန်း ... အမှုသည်ထင်တယ်
ထိုင်လေ။နေရေးက ခုနကပဲ ဘယ်ထွက်သွားလဲမသိဘူး"

"ကိုယ်က ခုနကဖုန်းဆက်ထားတဲ့လူပါ"

"ဟိုကားပိတ်နေတဲ့တစ်ယောက်..နာမည်က "

"မဟော်သွေး ... "

"တွေ့ရတာဝမ်းသာပါတယ် ကိုမဟော်သွေး။
ကျွန်တော်က ခင်ဗျားတို့ကုမ္ပဏီရဲ့ဥပဒေအကြံပေး လက်ထောက်ရှေ့နေဒီပါလွမ်းပါ"

"ကိုယ်လည်း ဝမ်းသာပါတယ်ဒီဒီ"

ဘယ်လိုတောင်ခေါ်ချလိုက်တာလဲဟ။လွမ်းဆိုလည်း လွမ်းပေါ့။သို့သော် ပြုံးစစမျက်နှာပေးဖြင့်လက်ကမ်းလာတဲ့လူကို လက်တွဲနှုတ်ဆက်ရသေးသည်။ အလုပ်အတွက်ဆက်ဆံရမဲ့သူမို့
ရှေ့ဆက်ရမဲ့ခရီးမှာ အဖုအထစ်ဖြစ်နေမှာမျိုး
သူမလိုလားဘူးလေ။

"ခင်ဗျားအချိန်ရှိရဲ့လားမသိဘူး..."

"ဒီဒီ့အတွက်ဆို ကိုယ့်အချိန်တွေပေါပါတယ်"

သွေးကငယ်ထိပ်ကိုဆောင့်တတ်လာသည်။
ဒီလူ ဘယ်လိုဖြစ်နေတာလဲ။

"ဒါဆို ထိုင်ပါအုံး။ နေရေးကိုသွားခေါ်ပေးမယ်"

"ဒီဒီနဲ့ပဲဆွေးနွေးလို့မရဘူးလား။ဒီဒီနဲ့သာပြောရရင် ကိုယ်ခဏလေးနဲ့နားဝင်မယ်ထင်တယ်"

My Baby GirlWhere stories live. Discover now