''ဟုတ်ပါပြီ
ဒါနဲ့
ရုံးကလူတွေရှေ့မှာ မသိသလိုဟန်ဆောင်ပြီး
ဒီလိုပဲ လာချိန်းတွေ့ရမှာလား''

မျက်စောင်းထိုးပြီး

''ဘာချိန်းတွေ့တာလဲ''

''ချိန်းတွေ့တာပဲလေ''

''မသိဘူး မခေါ်နဲ့''

နေ့လည် မမကြိုက်တဲ့ အမေရိကာနိုမှာပြီး တစ်ရုံးလုံးကို ဝယ်တိုက်ပစ်လိုက်တယ်။
မမတို့sectionက တင်ဆက်သူတွေများတော့
အချောအလှတွေများတယ်။
မမကိုတော့တစ်ယောက်မှ မမီပါဘူး။

တကယ်တော့ ဟိုလူ့ကပ်မေး ဒီလူ့ကပ်မေးနဲ့ မမကိုတောင် ဖွန်မကြောင်နိုင်ပါ။
မမကိုမေးချင်ပေမယ့်
သူ့ကိုမှလာမေးတယ်လို့အဆူခံရမှာလည်းစိုးတယ်။

ညနေရုံးဆင်းတော့
လူလစ်တာနဲ့အနားသွားပြီး

''လိုက်ပို့မယ်''

''မလိုပါဘူး''

''ဘာဒါပါလား''

''ဟုတ်ကဲ့''

အကြီးတန်းသတင်းထောက်မမတစ်ယောက်။

''ဘယ်မှာနေတာ''

''ချောင်းဒမ်မှာပါ''

''ဟုတ်လား မမလည်းချောင်းဒမ်မှာ''

အင်း ရပ်ကွက်တူနေပြီ။
လိုက်ပို့ချင်တာက တစ်ယောက်။
လိုက်ချင်တာက တစ်ယောက်။

''ဘာဒါနဲ့လိုက်ခဲ့လေ မမ
ရပ်ကွက်တူတာပဲ''

အဲဒါနဲ့ အီလည်လည်နဲ့ အဲ့အစ်မကို လိုက်ပို့ရတော့တယ်။
မမကတော့ သူ့ကိုမော့​တောင်မကြည့်။

ကားပေါ်ရောက်တော့
အဲ့မမကမေးတော့တာပဲ။

''ဘာဒါ့ကို အစ်မမြင်ဖူးသလိုပဲ''

''ဟုတ်လား''

မြင်ဖူးမှာပေါ့။
အစ်မတို့ ကုမ္ပဏီစားပွဲတုန်းကပွဲကြမ်းထားတာလေ။

''ဘာဒါ ချစ်သူရှိလား''

ဟော..
ဒါက ဘယ်လိုဖြေရမလဲ..

''သဘောကျနေတဲ့သူ ရှိပါတယ် မမ''

''သြော်..မိန်းကလေးလား''

ထင်သားပဲ။
အရင်ကတည်းက
ဒီလိုပဲမေးကြတာ

''သြော် ရိုင်းသွားရင် ဆောရီးပါနော်
ဘာဒါ့ပုံက..''

မင်းနဲ့တွေ့ပြီးတဲ့နောက်Kde žijí příběhy. Začni objevovat