058: ထိပ်ပြောင်မယ်သတိထားနော်

Beginne am Anfang
                                    

အဲ့ဒါကဟဲကျင့် အတွက် လွယ်ကူသော အရာတစ်ခု ဖြစ်နိုင်သော်လည်း သူသည် သူမအပေါ်တွင်  ခံစားချက်ဟောင်းများ ရှိသေးလား ထုန်ရွှမ် မသေချာပါ။ ကိစ္စက မည်မျှပင်သေးငယ်စေကာမူ ယောကျ်ားလေးရဲ့  သဘောကောင်းမူကို အခွင့်ကောင်းယူနေသလို သူမခံစားနေရကာ အနည်းငယ်စက်ဆုပ်ဖွယ်ကောင်းသည်ဟုလည်း ခံစားရလေသည်။

သူမသည် သူမ၏တစ်ကိုယ်ကောင်းဆန်သောဆန္ဒများကို ဖိနှိပ်လိုက်ပြီး ပြောလာသည်

"နင်နဲ့ ချင်ယွီရဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးအကြောင်းကို ကျောင်းသားသမဂ္ဂထဲက မိန်းကလေးတွေကြားထဲမှာ ပျံ့နေတာလေ မူဝါဒပြန်ကြာရေးဌာနနဲ့  စည်းကမ်းထိန်းသိမ်းရေးဌာနကမိန်းကလေးအားလုံးက ပိုင်ရှောင်ရှန်းလိုပဲလေ အတင်းအဖျင်းအကုန်လုံးက သူတို့နားကကို ပြေးမလွတ်ဘူး အာ ပြီးတော့ ညသန်းခေါင်ကျော်ရင် နင်တို့နှစ်ယောက် ကျောင်းဝင်းထဲ လမ်းလျှောက်ထွက်ကြတယ်လို့ ငါကြားသေးတယ်။ အဲ့ဒါအမှန်လား?"

ဟဲကျင့် သည် ညသန်းခေါင်တွင် ပြေးခဲ့စဉ်က မိန်းကလေးများနှင့် ပက်ပင်းတိုးခဲ့တာကို တွေးမိပြီး ချက်ချင်းပင် ရှက်သွားခဲ့သည်။ ဒီအတင်းအဖျင်းကပျံ့နေတာဘယ်နှရက်တောင် ရှိနေပြီလဲဟင်?

သို့သော် သူနှင့်အတူ ပြေးနေသည့်သူကဟုန်တုန်ယွမ်သာဆို  ထိုကဲ့သို့ အတင်းအဖျင်း ပျံ့နှံ့မှုမျိုး ရှိမည်မဟုတ်ပေ။ ပြဿနာက ချင်ယွီဖြစ်နေတာကြောင့်ပဲလေ!

ဟဲကျင့် က ထုန်ရွှမ်ကို ရိုးရိုးရှင်းရှင်းသာ ရှင်းပြခဲ့သည်မှာ သူကချင်ယွီစီက တင်းနစ်ကစားနည်း သင်ခဲ့ပြီး ချင်ယွီက သူ့ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းလုပ်ရန် တိုက်တွန်းခဲ့ကြောင်းပင်။ ထုန်ရွှမ် သည် ဤစကားကိုကြားပြီးနောက် အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရပြီး နောက်ပြောလာသည်

"နင်က တခြားတစ်ယောက်နဲ့ ဒီလောက်ဆက်ဆံရေးကောင်းတာ တခါမှမတွေ့ဖူးဘူးနော်"

သူမက တဝက်တပျက်နှင့် ခတ္တ ရပ်လိုက်ပြီး ရယ်မောကာဆက်ပြောလာသည်

"နင်တို့နှစ်ယောက်လုံးက လူတွေပြောနေကြသလိုမျိုး ဆက်ဆံရေးတော့ တကယ်မဟုတ်ဘူးမလား?နင်က တကယ်ကြီး ဂေးဆက်ဆံရေး ရှိနေတာတော့မဟုတ်ပါဘူးနော်?"

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Wo Geschichten leben. Entdecke jetzt