Chapter - 83

998 112 2
                                    

[Unicode]

အပိုင်း ၈၃။

ယခုအချိန်တွင် [မင်းရဲ့ပွဲဦးထွက်အတွက်] တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူ မရေမတွက်နိုင်အောင်ရှိသော်လည်း အရေအတွက်အတိအကျကို မသိပေ။ ခန်းမသည် ထောင်သောင်းချီသောလူများဖြင့် ပြည့်နေပြီး၊ အားပေးမီးဆိုင်းဘုတ်များက ပြိုးပြိုးပြက်ပြက်ပြက်ပြက်ရှိသော ကြယ်ပင်လယ်ကြီးလိုဖြစ်ပေါ်နေသည်။ ဝမ်းလိသည် သူမအတွက် အလင်းဘုတ်မည်မျှရှိသည်ကို မတွေးဆတတ်ပေ။

"ရှောင်လိ၊ ငါတို့မင်းကိုယုံတယ်" ဟူသော လူအုပ်ကြီးဆီက ဖရိုဖရဲဖြစ်နေသည့် ကျယ်လောင်သောအသံကိုသာ သူမကြားလိုက်ရပါ၏။

သူ လူမြင်ကွင်းမှာ ခဏလေးပဲပေါ်လာရသေးတာတောင်မှ ပရိသတ်တွေ၏ယုံကြည်မှုနှင့် အားပေးမှုကို ရရှိထားနေပြီပင်။ သူမကိုယ်တိုင်လည်း နှစ်ပေါင်းများစွာ ပရိသတ်အာရုံအောက်မှာရပ်တည်နေခဲ့ပြီး သူမ၏ပရိသတ်တွေကလည်း သူမကို သဘာဝအတိုင်း ယုံကြည်ကြပါသည်။ သူမ စင်ပေါ်မှာရှိနေရင် အားပေးသံတွေ ပိုကျယ်လာမှာအသေချာပင်။

ထို့ကြောင့် သူမ သူရဲကောင်းလုပ်ဖို့ ဆန္ဒရှိခဲ့တာသာ။ ပထမအချက်မှာ၊ သူမသည် သူ့ထက် ဝေဖန်မှုများနှင့် ဆဲဆိုခြင်းများကို ခံနိုင်ရည်ပိုရှိသောကြောင့်ပင်၊ ဒုတိယအချက်မှာ စင်ပေါ်တွင် ကြက်ဥနှင့်ပစ်ခံရမည့်အန္တရာယ်ရှိရင်တောင် သူမကို ယုံကြည်မည့်သူများ အမြဲရှိနေမည်ကို သူမသိသောကြောင့်ဖြစ်၏။

သူမသည် ရှုလိနှင့် ပရိတ်သတ်များအတွက် သိသိသာသာ ကြောက်တတ်သောလည်း အလွန်လည်းရဲရင့်ပေသည်။

ယခု သူမ တစ်စုံတစ်ယောက်ကို လက်တုံ့ပြန်ရဖို့သွားရမည်။

ရှုလိ အသက်ပြင်းပြင်းရှူလိုက်သည်။ သီချင်းနားထောင်ဖို့ သူ့အစ်မရှိမနေတာ ဝမ်းနည်းစရာကောင်းသော်လည်း သူအရမ်းရှက်စရာမလိုတော့သည့်အတွက် ဝမ်းသာမိသည်။

——

ထိုအချိန်တွင် ဝမ်းလိသည် လမ်းတစ်လျှောက် အခြားသူများထံမှ အံ့အားသင့်နေသည့်အကြည့်များကို လျစ်လျူရှုကာ ရှုရှင်းရွယ်၏အဝတ်လဲခန်းဆီသို့ တည့်တည့်လျှောက်သွားလိုက်သည်။

ထိပ်တန်းစုံတွဲက နည်းနည်း​လေး​တော့ချိုမြိန်တယ် [MM Translation]Tahanan ng mga kuwento. Tumuklas ngayon