Chapter - 76

1K 117 2
                                    

[Unicode]

အပိုင်း ၇၆။

ဝမ်းလိက သူ့ကို ပုံမှန်အတိုင်းကြည့်နေမိသည်။

သူမ၏မူလအစီအစဉ်မှာ ဟိုတယ်သို့ ပြန်ရောက်ပြီးနောက် သူတို့၏ငယ်ဘဝအကြောင်း ဖြည်းညှင်းစွာ ပြန်သတိရရန်၊ အထက်တန်းကျောင်းတုန်းက သူတို့သိပ်မပြောကြသည့် အကြောင်းအရာများအကြောင်း ဖွင့်ဟရန်နှင့် စကားပြောဆိုမှုများ ပြုလုပ်ရန်ဖြစ်ပြီး တစ်ညလုံးပင် စကားပြောဖြစ်ကောင်းပြောနိုင်သည်ဟူ၍ပင်။

သို့သော် သူသည် အခုအချိန်မှာ သူမနှင့် စကားပြောဖို့စိတ်မရှည်နေသည်မှာ သိသာပါ၏။

နှစ်သန်းပေါင်းများစွာသော ဆင့်ကဲဖြစ်စဉ်များသည် လူသားများအား ဉာဏ်ရည်ဉာဏ်သွေးနှင့် ကိရိယာများကို အသုံးပြုနိုင်စွမ်းကို ထောက်ပံ့ပေးထားသည်။ ပိုမိုခေတ်မီသော လူမှုစနစ်တွင် သူတို့သည် သာမန်တိရစ္ဆာန်များနှင့် အခြေခံအကျဆုံး ကွဲပြားမှုများရှိသည်။ ဗီဇတစ်ခုတည်း၏တွန်းအားသည် သူတို့၏လုပ်ရပ်များကို မထိန်းချုပ်နိုင်တော့ပါ; ဥပဒေများနှင့် ကိုယ်ကျင့်တရားဆိုင်ရာ ကန့်သတ်ချက်များသည် သူတို့အား တွေးခေါ်ထိန်းချုပ်နိုင်စေရန် သင်ကြားပေးသည်။

လူ့အသိုင်းအဝိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံအားပေးနေကြသော ကျင့်ဝတ်နှင့် အကျင့်သီလသည် ပညာရေးအပေါ်တွင် မူတည်ပေသည်။

ထို့ကြောင့်၊ အချို့သောအခြေအနေများတွင် တိရစ္ဆာန်ဗီဇဖြင့် လူသားများအားတွန်းပို့သောအခါ သူတို့၏ဆင်ခြင်တုံတရား ဆုံးရှုံးသွားကြသည်။

စုန့်ယန်ဟာလည်း ချွင်းချက်မရှိပေ။ နှစ်ပေါင်းများစွာ သူသဘောကျခဲ့သော ဂျူနီယာလေးသည် ယနေ့တွင် သူ့နှလုံးသားမှ ဒဏ်ရာများကို အပြည့်အ၀ သက်သာစေခဲ့သည်။ သူမသည် အထက်တန်းကျောင်းဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏အပြုံးသည် အသက်ဆယ့်ခြောက်နှစ်တုန်းကကဲ့သို့ပင် ချိုမြိန်နေဆဲသာ။ သူမ သူ့ကို ဒီလိုအံ့အားသင့်စေခဲ့သည့် အချိန်ကတည်းက သူ့နှလုံးသားက ဒရမ်၊ လင်ကွင်းများကဲ့သို့ ထိန်းမနိုင်သိမ်းမရခုန်နေပြီး ကန့်သတ်ချက်ရောက်လုနီးနီးနှင့် ဝန်ပိုလွန်းသောကြောင့် နောက်တစက္ကန့်တွက် ရပ်တန့်လုနီးနီးဖြစ်နေ၏။

ထိပ်တန်းစုံတွဲက နည်းနည်း​လေး​တော့ချိုမြိန်တယ် [MM Translation]Where stories live. Discover now