[Unicode]
အပိုင်း ၇၅။
ယခုအခိုက်တွင် စုန့်ယန်သည် ကျောင်းရှိ တောင်ကုန်းငယ်နောက်ဘက် နားခိုသည့်နေရာတွင် ထိုင်ကာ အတွေးလွန်နေသည်။
ကင်မရာသမားနှင့် ဝန်ထမ်းအများအပြားက သူ့ကို မနှောင့်ယှက်ပါ။ ကင်မရာသမားသည် ခြေလှမ်းအနည်းငယ်မျှပင် နောက်ပြန်ဆုတ်ကာ လူနှင့်နားခိုသည့်နေရာအပြင် စိမ်းလန်းသောသစ်ပင်များနှင့် နေရာဘေးရှိ ကျောက်ခဲလမ်းကို ရိုက်ထားသည်။
ညနေခင်းကောင်းကင်သည် အပြာရောင်နှင့် အနီရောင်မီးတောက်များ ရောယှက်နေပြီး ခရမ်းရောင်နှင့် လိမ္မော်ရောင်အရိပ်များဖြင့် အမျိုးမျိုးဖြစ်နေသည်။ ပရော်ဖက်ရှင်နယ် ကင်မရာသမားတစ်ယောက်အနေဖြင့် ဖရိမ်၏ဖွဲ့စည်းပုံနှင့် မှန်ဘီလူးအကြောင်းကို နားလည်ပေသည်။ [ကမ္ဘာကြီးမှာမင်းနှင့်အတူ]သည် ရသစုံရှိုးဖြစ်သော်လည်း ပထမ season ကတည်းက လှပသောမြင်ကွင်းများစွာရှိခဲ့သည်။ အချို့သော ဇာတ်ဝင်ခန်းများကိုတောင် သူတို့၏ရုပ်ရှင်အရည်အသွေးကြောင့် ချီးကျူးခံရသေး၏။
ရုပ်ပုံများသည် ရိုးစင်းသော်လည်း မျက်စိထဲ၌ စွဲမက်ဖွယ်ကောင်းလှသည်။ စုန့်ယန်ဟာ ရသစုံရှိုးတွေမှာ ပါဝင်ခဲပါသည်။ ရုပ်သံလိုင်းမှရိုက်ကူးသော မှတ်တမ်းရုပ်ရှင်တွင် မျက်နှာချင်းဆိုင် တွေ့ဆုံမေးမြန်းမှုများမှလွဲ၍ ရိုက်ကွင်းတွင် သူ၏ဇာတ်ညွှန်းဖတ်ရှုနေချိန်မှာ အများအားဖြင့် ဤကဲ့သို့တိတ်ဆိတ်ငြိမ်သက်နေတတ်သည်။
မှတ်တမ်းရုပ်ရှင်တွင် သူနှင့်ရင်းနှီးသော ဒါရိုက်တာယွိဝေကွမ်းက စုန့်ယန်သည် အကင်းပါးသည့်ကလေးဖြစ်ကြောင်း ပြောခဲ့သည်။ သူသည် အတွင်းပိုင်းတွင် အထိမခံသူဖြစ်ပြီး တစ်ခါတစ်ရံတွင် အပြင်ပိုင်းမှာတော့ လျစ်လျူရှုထားတတ်ပုံပေါ်ပေသည်။ ထိုကဲ့သို့သောသူများသည် များသောအားဖြင့် သူတို့၏ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုများကို မျက်နှာပေါ်တွင် ထုတ်ဖော်မပြကြဘဲ မာနကြီးပြီး ခပ်တန်းတန်းနေတတ်သော အထင်အမြင်ကိုတောင် ပေးစွမ်းသည်။ သို့သော် သူတို့သည် သတိရှိပြီး နားလည်မှုရှိ၍ သရုပ်ဆောင်ရာတွင် သဘာဝအတိုင်း ထက်မြက်နေသည်။
BẠN ĐANG ĐỌC
ထိပ်တန်းစုံတွဲက နည်းနည်းလေးတော့ချိုမြိန်တယ် [MM Translation]
Lãng mạnTitle - The Top Couple Is A Bit Sweet [Myanmar Translation] Status in COO- 95 Chapters + 5 Extras အနုပညာလောကက ထိပ်တန်းသရုပ်ဆောင်နှစ်ယောက်ရဲ့ အခါးမပါတဲ့ Married Life ချိုချိုလေးပါ စုန့်ယန်×ဝမ်းလိ Start Date - 18.09.23 End Date - 29.01.24 This is...