အပိုင်း - ၉

371 35 7
                                    

#Unicode
"အန်တီ ကျွန်တော့်ကို ထမင်း အဖြူငါးရာဖိုးနှစ်ထုပ်လောက်နဲ့ ကြက်သားဟင်းတစ်ပွဲ ငါးဟင်းတစ်ပွဲပေးပါ။ပါဆယ်နော်အန်တီ"

"အေးအေး ရမယ်နော်သားရေ"

မိုးနံ့ပါသော အေးစိမ့်တဲ့လေထုက ဝေ့ဝဲကာတိုက်ခတ်လာသည်။လောလော လောလောနဲ့ ထွက်လာခဲ့တာ ထီးတောင်ပါမလာခဲ့ဘူး။ ထိုင်စောင့်နေရင်းခဏအကြာဆိုင်ရှင်အန်တီကြီးဆီမှ အမှာရသံကိုကြားလိုက်ရသည်။

" သားရေ။ ရပြီနော်"

"ဟုတ်"

ကျသင့်ငွေကိုရှင်းပြီး ပြန်ထွက်ရန်အလုပ် စက်ဘီးလက်ရန်းမှာချိတ်ထားတဲ့ ထမင်းထုပ်နဲ့ဟင်းထုတ်တွေကိုကြည့်ပြီး တစ်ခုခုလိုနေသလိုခံစားရသည်။ သူကတစ်ထုပ်နဲ့ဝတာထားပါတော့။မိုးရိပ်က ဝပါ့မလား။

ဒေါက်ဖြုတ်ထားတဲ့ စက်ဘီးကိုပြန်ထောက်ရင်း ဆိုင်လေးထဲကို ခပ်မြန်မြန်ပြန်ပြီးပြေးဝင်လာလိုက်သည်။ ခဏနေရင် မိုးကရွာတော့မှာ ဖြစ်သည်။ မိုးမရွာခင်တော့ မိုးရိပ်တို့အိမ်ကိုရောက်ချင်သည်။ မဟုတ်ရင် ထမင်းထုတ်ဟင်းထုတ်တွေမိုးစိုကုန်တော့မှာ။

"အန်တီရေ ထမင်းနောက်တစ်ထုတ်။ မြန်မြန်လေးထည့်ပေးပါနော်"

နောက်ထပ် ငါးရာတန်တစ်ရွက်ကို စားပွဲပေါ်တင်ပေးလိုက်ပြီး စိတ်ဆန္ဒ တွေက လောနေမိသည်။ ထမင်းထုတ်လေးရတာနဲ့အိမ်ကသယ်လာတဲ့ကြက်ဥကြော်ဘူးထည့်ထားတဲ့အိတ်လေးအပြင်ဝယ်ထားတဲ့ အထုတ်တွေအကုန်လုံးကို စက်ဘီးလက်ကိုင်မှာပဲပြန်ချိန်ပြီး မိုးရိပ်တို့အိမ်သို့ရောက်ရန် အမြန်နင်းမိတော့သည်။

စက်ဘီးအရှိန်ကပဲမြန်လို့လားမသိ ခပ်အေးအေးလေထုတွေက သူ့အပေါ်ပိုတိုက်ခတ်ပြီးပိုအေးနေသလို။ မိုးရိပ်တို့အိမ်လိပ်စာကိုတော့ မိုးရိပ်တစ်ခါပြောပြလို့သိပါသည်။

ဒီလမ်းထဲမှာ ထမင်းဆိုင်ရှိတဲ့ အိမ်ဆိုလို့ သူတို့အိမ်ပဲရှိကြောင်း ရှာရတာလွယ်ကြောင်း မိုးရိပ်ပြောပြဖူးသည်။

လမ်းသွယ်လေးထဲကိုရောက်လာသောကြောင့် စက်ဘီး ရဲ့အရှိန်ကလျော့သွားသည်။ တစ်ခါမှမရောက်ဖူးသေးသော နေရာအသစ်မှာ မိုးရိပ်တို့အိမ်ကိုတွေ့ဖို့အရေး စက်ဘီးကို ဖြည်းဖြည်းနင်းကာ ထမင်းဆိုင်ပါတဲ့ အိမ်လေးကို လိုက်ရှာမိသည်။

ပိုင် [ဝတ္ထုဗားရှင်း]Where stories live. Discover now