အပိုင်း - ၇

1.1K 98 9
                                    

#Unicode
မနက်ပိုင်း ရန်ဖြစ်တာမှာပါဝင်တဲ့ သူတွေအားလုံးရဲ့ မိဘတွေ ဆရာမကြီးရုံးခန်းဆီကိုလာကြရသည်။ ဆရာမကြီးဆီကို ဝင်တွေ့ပြီး ရုံးခန်းကထွက်လာတဲ့ မေမေ့မျက်နှာမှာ သူ့အပေါ် စိတ်ဆိုးခြင်းတွေကိုမတွေ့ရတော့။ ဒါမနေ့က ပြသနာရဲ့ အစဆုံးကိုသေချာရှင်းပြထားလို့လည်းပါပါသည်။

"သား မေမေပြန်အုံးမယ် "

"ဟုတ် မေမေ ဂရုစိုက်ပြန်ပါအုံး"

"အမလေး စိတ်မပူပါနဲ့တော်။ငါ့သားသာ လက်စွမ်းထပ်မပြရင်ရပါပြီ"

မေမေ့ရဲ့ စနောက်တဲ့စကားကြောင့် ရင်ထဲပေါ့ပါးလန်းဆန်းသွားတာတော့အမှန်။ တစ်သက်နဲ့ တစ်ကိုယ် ကျောင်းအုပ်ကြီးရုံးခန်းကို မေမေက ဒါပထမဆုံးလာဖူးတာပင်ဖြစ်သည်။ မေမေ့အပေါ် စိတ်မကောင်းဖြစ်ရသလို အားလည်းအားနာရပါသည်။ ဒါပေမဲ့လည်း တစ်ဖက်က အနိုင်ကျင့်တဲ့ကောင်တွေကိုဆုံးမခဲ့ရလို့အားရမိပြန်သည်။

"ဟုတ်ကဲ့ပါ မေမေရဲ့။စိတ်ချပါ"

မေမေနဲ့စကားပြောနေတုန်း ခပ်လှမ်းလှမ်းကနေလမ်းလျှောက်လာတဲ့ ပိုင့်ကိုတွေ့လိုက်ရသည်။ ကြည့်ရတာ ဆရာမကြီး ဆီကို တစ်ခုခုပြောစရာရှိလို့ရောက်လာတဲ့ပုံပဲ။

"ဟေး ပိုင်"

"အေး မိုးရိပ် ..."

မိုးရိပ်သွင်ပြင်ဆိုတဲ့ ကျွန်တော့်မည်ကို လူတိုင်းကမိုးရိပ်လို့ ခေါ်ကြတာပါပဲ။ ဘယ်သူတွေ ဘယ်လိုခေါ်ခေါ် မလှုပ်ရှားတတ်တဲ့ စိတ်က ပိုင့်ဘက်ကနေမိုးရိပ်လို့တစ်ခါခေါ်တိုင်း တစ်ခါ စိတ်လှုပ်ရှားရသည်။

ကျွန်တော့်ရဲ့ ပူပူနွေးနွေး သူငယ်ချင်း လေးက အရင်ကထက်တော့ ပေါင်းရသင်းရအဆင်ပြေလာတာတော့အမှန်ပါ။ ဒါပေမဲ့လည်း ဒါက ကျွန်တော့်တစ်ယောက်တည်းအပေါ်မှာပဲ။ ပိုင်ကတခြားသူတွေနဲ့ဆိုလျင် အရင်တိုင်း နည်းနည်းလေးတောင်မပြောင်းလဲတဲ့ ကောင်လေးတစ်ယောက်ဖြစ်နေတုန်းပါပဲ။

"သား ... ဒါက"

မေမေကစကားစလာမှ စိတ်နဲ့လူနဲ့အသိပြန်ကပ်သည်။

"အော်ဟုတ်သားပဲ။ ဒါက သားပြောပြောနေတဲ့ နေမင်းပိုင်ဆိုတဲ့ သူငယ်ချင်း မေမေ"

ပိုင် [ဝတ္ထုဗားရှင်း]Where stories live. Discover now