"ငါ့သမီးမှမဟုတ်တာ"

"အခု... အခုရော ဘယ်မှာရှာနေကျလဲ"

ခေါင်းခါပြလာသူကြောင့် နေရေး စကားတောင်ပြန်မပြောနိုင်တော့။ကလေးတစ်ယောက်လုံးမရှိတော့တာတောင် မရှာကျသေးဘူးတဲ့..ဘယ်လိုစိတ်နဲ့များအခုလောက်အထိ
နေနိုင်စိမ့်ကျတာလဲ။

ကားသော့ကိုဆွဲယူကာမောင်းထွက်လာခဲ့ပေမဲ့ သူအခုဘယ်ကိုသွားရမှာလဲ၊ဘယ်မှာရှာရမလဲ
မသိလောက်အောင်ခေါင်းထဲထူပူနေပါသည်။ ကလေးငယ်လေးတစ်ယောက်က အိမ်ကနေထွက်ပြေးတဲ့အထိ မွှန်းကြပ်နေမှာကိုတွေးမိတော့ ဒီအခြေအနေကြားထဲကဆွဲထုတ်မပေးနိုင်တဲ့ကိုယ့်ကိုယ်ကိုယ်သာစိတ်တိုမိပြန်၏။

ရှာလို့မတွေ့နိုင်တဲ့အထိတော့ အဝေးကြီးထွက်
မပြေးပါနဲ့တိမ်ကလေးရေ။

::::::::::::::

မလှုပ်မယှက်နဲ့ငြိမ်ငြိမ်လေးသာ သူ့ရှေ့မှာထိုင်နေတဲ့ကလေးမလေးကိုကြည့်ရင်း ဒီပါလွမ်းသက်ပြင်းချနေမိတာ ဘယ်နှကြိမ်မြောက်မှန်းမသိတော့။မမယ်စားချင်တဲ့မနက်စာကိုသွားဝယ်ရင်း ဆိုင်ရဲ့ဘေးကခုံတန်းမှာတွေ့ခဲ့ရတဲ့ ထိုကလေး။ပေါင်မုန့်ကိုစားရင်း ခေါင်းငုံ့ထားပေမဲ့ မှတ်မိနေတဲ့သူက အနားသွားကာအိမ်ခေါ်လာရတဲ့အဖြစ်ပါပေ။

"အခုလိုထွက်လာတာ အိမ်ကမာမီနဲ့ဒယ်ဒီသိလားမိုင်မိုင်းလေး"

"သူတို့က မိုင်မိုင်းကိုဂရုမစိုက်ပါဘူး"

"အဲ့တာဆိုနေရေးကရော။သူ့ကိုပြောခဲ့သေးလား"

"ဟင့်အင်း ... "

"ကောင်းရော... အဲ့ကောင်တော့ အခုချိန်မျောက်ဖင်မီးလောင်သလိုဖြစ်နေလောက်ပြီ"

သူငယ်ချင်းအကြောင်းသိသူမို့ ဟိုကစိတ်ပူနေမှာကိုတော့ သူတပ်အပ်ပြောနိုင်ပါ၏။

"မမယ် ... မမယ်ရေ ခဏဆင်းခဲ့အုံးဟ။မြန်မြန်"

"စောစောစီးစီးဘယ်လိုဖြစ်နေတာလဲ"

"ဧည့်သည်ရောက်နေလို့"

"ဘယ်သူ ... ဟယ် !! နေရေးရဲ့ကလေးက ဘယ်လိုလုပ်ပြီးဒီကို။နင်ခေါ်လာတာလား"

မအူမလည်လုပ်နေတဲ့မမယ်ကြောင့် လွမ်း
သူ့ဆံပင်တွေကိုထိုးဖွပြီး ခါးထောက်ကာ..

My Baby GirlWhere stories live. Discover now