《6》

161 10 2
                                    

"အသင်အဆင်ပြေရဲ့လား..."

သူ့အားစိတ်ပူနေဟန်ကြောင့်စောရီဝမ်းနည်းစိတ်တို့ပိုတိုးလာပြီး
မာရနအားဖက်လိုက်သည်
မာရနာအနည်းငယ်အံ့အားသင့်သွားသော်လည်း
တစ်ဖက်လူအရမ်းခံစားနေရမှန်းသိတာကြောင့်ပြန်လည်ပွေ့ဖက်ပေးလိုက်သည်

"မာရန..."

"အင်း...."

"ကျွန်ုပ်ကအချစ်ခံဖို့မထိုက်တန်ဘူးလား..."

"မဟုတ်ဘူး အသင်ကအချစ်ခံဖို့အရမ်းကိုထိုက်တန်တယ်"

မာရနရင်ခွင်ထဲကလူကိုခေါင်းမော့စေပြီး
မျက်ရည်တို့အားသုတ်ပေးလိုက်သည်
ထိုခန၌သူ့တစ်ကိုယ်လုံးသေးငယ်သောလျှပ်စီးလိုင်းလေးဖြတ်သန်းသွားသလိုခံစားလိုက်ရသည်
ဖူးစာရှင်....
စောရီကသူ့ဖူးစားရှင်...
မထင်မှတ်ထားခဲ့ဘူး သူ့ဖူးစာရှင်ကသူ့အနားမှာရှိနေခဲ့တာပဲ

စောရီသူ့မျက်နှာအားသတိလက်လွတ်ငေးမောနေသူအားအသိဝင်အောင်တို့လိုက်သည်
သူ့မျက်နှာလှလှကြောင့်လူအများအာရုံစိုက်မှုကိုရရှိဖူးသည်
ဒါပေမဲ့ မာရနဆီကအာရုံစိုက်ခံရတာကသူ့အားရှက်ရွံစေသည်

"မာရန..."

"အာ..တောင်းပန်ပါတယ်"

"ဘာအတွက်လဲ..."

"အသင့်ငေးမိသွားလို့..."

"အဲ့အတွက်ဆိုမလိုပါဘူး"

စောရီရင်ခွင်ထဲကထွက်ပြီး ပြန်ထိုင်လိုက်သည်
မာရနကလည်းစောရီဘေးမှာဝင်ထိုင်လိုက်သည်

"အသင်သိချင်လား ကျွန်ုပ်အကြောင်းကို..."

ဝမ်းနည်းနေတဲ့မျက်ဝန်းတွေနဲ့စောရီဟာ ထွက်ပေါက်ပိတ်နေတဲ့ကြောင်ဖြူလေးနှင့်တူနေသည်
ရင်ခွင်ထဲထည့်ဖက်ပြီးနှစ်သိမ့်ပေးချင်စရာလေး
သို့သော်သူအတင့်မရဲဝံ့ပေ
နှစ်ဦးသားဖူးစာရှင်ဆိုတာမိမိသာသိတာ စောရီကသိတာမှမဟုတ်ဘဲ

"ကျွန်ုပ်မယ်တော်ကလူသားမဟုတ်ဘူး....
သူမ...သူမက"

"စောရီ...ကျွန်ုပ်ကိုကြည့်"

မာရန စောရီရဲ့လက်ဖမိုးလေးကို အုပ်ကိုင်ပြီးသူ့မျက်ဝန်းတွေကိုစိုက်ကြည့်စေလိုက်သည်

You've reached the end of published parts.

⏰ Last updated: Jan 11 ⏰

Add this story to your Library to get notified about new parts!

🌊အဏ္ဏဝါချစ်သူ🌊Where stories live. Discover now