《5》

95 6 0
                                    

"အကိုတော်...."

အနောက်ကခေါ်သံကြောင့်စောရီတို့နှစ်ဦးလုံးလှည့်ကြည့်လိုက်တော့
လှပတဲ့မိန်းမပျိုလေးကနွဲ့နွဲ့နှောင်းနှောင်းရပ်ကာပြုံးပြနေသည်

စောရီဒီမိန်းမပျိုကိုမြင်တော့အလွန်အံ့အားသင့်သွားသည်
ရွှေမြို့တော်မှာရှိနေတဲ့သူ့နှမဒီကိုဘယ်လိုရောက်လာတာလဲ

"ကေသာဒီကိုဘယ်လိုရောက်လာတာလဲ..."

"ခမည်းတော်နာမကျန်းဖြစ်နေတယ်အကိုတော်..."

စောရီ လက်သီးခပ်တင်းတင်းဆုပ်ကာမျက်နှာလွှဲလိုက်သည်
ဒါကိုမြင်တော့ကေသာသက်ပြင်းခပ်လေးလေးချလိုက်သည်

"အကိုတော် ခမည်းတော်ကိုခွင့်လွှတ်သင့်ပြီမထင်ဘူးလား..."

"အသင်ပြန်တော့ကေသာ
ဒီကိစ္စနဲ့ ပက်သက်ပြီးကျွန်ုပ်မှာပြောစရာမရှိဘူး "

စောရီဆတ်ကနဲ့လှည့်ထွက်ကာကျောခိုင်းလိုက်သည်
မာရနကလည်းမိန်းမပျိုကိုတစ်ချက်ကြည့်ပြီး စောရီနောက်ကလိုက်ခဲ့သည်

ကျောခိုင်းသွားတဲ့အကိုတော်ကိုကြည့်ရင်း စိတ်ပျက်အားလျှော့နေချိန်
အေးစက်နေတဲ့ဓါးဖျားကလည်ပင်းလာထောက်တာကြောင့်ကေသာအလန့်တကြားအော်လိုက်သည်
ခမည်းတော်အပေါ်ဘယ်လောက်ပင်စိတ်နာနေပါစေဦးတော့
နှမအပေါ်မပစ်ပယ်နိုင်တဲ့ စောရီကချက်ချင်းလှည့်ကြည့်လာသည်

"အသင်တို့ဘယ်သူလဲ ကျွန်ုပ်နှမကိုအခုလွှတ်စမ်း"

"ကျွန်ုပ်တို့ကအသင်နဲ့ပြောစရာမရှိဘူး
နန်းစောင့်မင်းသားကိုလာခေါ်တာ..."

အခုရောက်လာတဲ့လူတွေကသဝန်ရဲ့ငယ်သားတွေဖြစ်မှန်းသိတဲ့မာရနက
စောရီကိုသူ့နောက်ပို့လိုက်သည်
ပြီးတာနဲ့အံ့တင်းတင်းကြိတ်ကာ
"မိန်းမပျိုကိုလွှတ်ပေးလိုက်! " ဟုဆိုလိုက်သည်

"နန်းစောင့်မင်းသားသာကျွန်ုပ်တို့နဲ့ပြန်လိုက်ခဲ့မယ်ဆိုရင်
သူမကိုလွှတ်ပေးပါ့မယ်"

"ရာရာစစ!"

မာရန၏မျက်ဝန်းတို့ဟာ ပင်လယ်၏ရေပြင်ကဲ့သို့ပြာလဲ့ကာစူးရဲသွားသည်

🌊အဏ္ဏဝါချစ်သူ🌊Where stories live. Discover now