《1》

461 15 3
                                    

အဏ္ဏဝါချစ်ပုံပြင်
အပိုင်း၁

ပင်လယ်သမုဒ္ဒရာ၏အနက်ဆုံးအပိုင်းတွင်မှော်ဆန်သောရေသူမျိုးနွယ်စု
ရှင်သန်နေထိုင်ကြသည်
ထိုရေသူမျိုးနွယ်စုများသည် မွေးဖွာစဥ်အချိန်၌ကျားမလိင်ကွဲပြားခြင်းမရှိပေ
အရွယ်ရောက်လို့ဖူးစာရှင်ရှာတွေ့မှသာ သူတို့လိင်အမျိုးအစားကိုသူတို့ကိုယ်တိုင်ရွေးချယ်ကြသည်
လိင်အမျိုးအစားကွဲပြားသွားတာနဲ့တစ်ပြိုင်နက် လူသားများကဲ့သို့ခြေထောက်တစ်စုံကိုရေသူမျိုးနွယ်တွေ ရရှိကြသည်

" အရှင်! အရှင်"

လူသားကမ္ဘာရဲ့စကားကိုလေ့လာနေတဲ့ရေသူမင်းသားမာရနဟာအလောတကြီးဖြစ်နေတဲ့
အပျိုထိန်းမာဂကြောင့်အလိုမကျစွာ
"ဘာကြောင့်များအသင်ဒီလောက်ပြေးလွှားနေရတာလဲ" ဟုခပ်မာမာမေးလိုက်သည်

"အဏ္ဏဝါပြည်ကိုစစ်သူကြီးသဝန်ကရေတပ်အလုံးအရင်းနဲ့ဝင်တိုက်တာ
အရှင့်မိဘတွေကိုဖမ်းမိသွားပါပြီ အခုအရှင့်ကိုလိုက်ရှာနေကြပါပြီ
အမြန်ထွက်ပြေးပါ"

ပြာလဲ့သောမျက်ဝန်းတစ်စုံကအရောင်တောက်သွားပြီး
အံတင်းတင်းကြိတ်လိုက်သည်
"ကျွန်ုပ်ကအဏ္ဏဝါပြည်ရဲ့နန်းစောင့်မင်းသားဘဲ
အဘယ်ကြောင့်ထွက်ပြေးရမှာလဲ ဒီသစ္စာဖောက်ကောင်ကိုကျွန်ုပ်ကိုယ်တိုင်သတ်ပစ်မယ်"

"မဖြစ်လို့ပါ အခုသူ့အင်အားမထင်မှတ်ထားလောက်အောင်ကြီးမားနေတယ်
အရှင့်အနေနဲ့သူ့ကိုယှဥ်တိုက်နိုင်စွမ်းမရှိသေးပါဘူး"

"မာဂ!!"

မာဂအရှင့်ရဲ့ဒေါသကြောင့် သူ့တစ်ကိုယ်လုံးတုန်ယင်နေသော်လည်းပြောစရာရှိသောစကားကို
ဆုံးအောင်အားတင်း၍ဆက်ပြောလိုက်သည်

"နမိတ်ဟောဆရာကြီးရဲ့ စကားကိုပြန်မှတ်မိပါသလားအရှင်"

မာရနေသချာပေါက်မှတ်မိတာပေါ့
စစ်သူကြီးသဝန်ရဲ့အန္တရာယ်ကိုကာကွယ်ဖို့နမိတ်ဖတ်ဆရာကြီးမိန့်ခဲ့တာက
သူ့ဖူးစာရှင်ဖြစ်တဲ့လူသားကိုရှာ
သူ့ဖူးစားရှင်ကသူတို့မျိုးနွယ်ကိုကာကွယ်ပေးနိုင်လိမ့်မယ်တဲ့

"အသင်ထင်လား ရေထဲမှာတောင်ကြာကြာမနေနိုင်တဲ့လူသားကငါတို့မျိုးနွယ်ကိုကာကွယ်နိုင်လိမ့်မယ်လို့"

🌊အဏ္ဏဝါချစ်သူ🌊Where stories live. Discover now